Unicode
အလုပ်လုပ်နေရင်းစိတ်မပါတော့ပဲ တစ်စုံတစ်ယောက်ကိုအရမ်းတွေ့ချင်လာပြီမို့ စုံစမ်းသိရှိသည့်အတိုင်း ထယ်ယောင်းတက်သည့်ကျောင်းကို ဂျောင်ဂုအချိန်မဆွဲပဲထွက်လာမိတော့သည်။
သူကျောင်းကိုရောက်ရှိချိန်ဟာ ကျောင်းဆင်းချိန်မို့ ကျောင်းသားအတော်အများပင် ကျောင်းပြင်ရောက်နေကြလေပြီ။
တစ်ဦးတည်းသောသူလေးအားပြန်သွားပြီလားအထင်နှင့်မတွေ့ရတော့မှာစိုးရိမ်စိတ်ဝင်မိသော်လည်း တရွေ့ရွေ့လျှောက်လှမ်းနေသည့် ပုံရိပ်လေးကြောင့် ဂျောင်ဂုမျက်နှာဝင်းပသွားရသည်။
ခေါင်းငုံ့ကာလျှောက်လှမ်းနေသည့်ကောင်လေးကသူ့ကိုမြင်ဖိူ့အလားအလာမရှိတာမို့ လှမ်းသာခေါ်လိုက်ရသည်။ နာမည်ကိုအော်ခေါ်မိသော်လည်း ထွက်သွားသည်က စိတ်ထဲကပေးနှင့်ပြီးသားဖြစ်သည့် ''ကင်မ်ငယ်''ဟုသာ...။
ထိုတော့မှသူ့ကိုမြင်ပြီးပြေးလာသည့်ကောင်လေး။
''လူကြီး ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ''
မျက်လုံးလေးပြူးကာအံ့သြနေသည့်ကောင်လေးကိုအသဲယားလွန်းလို့ ပါးလေးနှစ်ဖက်ကိုဖျစ်ညှစ်ပစ်လိုက်ချင်သည်။ သို့သော်လည်းဆန္ဒကိုသိက္ခာနဲ့သာထိန်းလိုက်ရသည်။
ခင်မင်တာမကြာသေးပဲထိုသို့ပြုမူမိရင်ကောင်လေးငယ်ကသူ့ကိုလန့်သွားမှဖြင့် ဟက်ကော့ကြီးကျန်ခဲ့ရမှာတော့ဂျောင်ဂုမလိုလား။
'' မင်းကိုတွေ့ချင်လို့လာခဲ့တာ''
ကွေ့ပတ်ခြင်းမရှိသည့်တဲ့တိုးစကားကြောင့် ထယ်ယောင်းရင်ထဲနွေးကနဲ။
''အာ ကိစ္စများရှိလို့လား''
ဘယ်လိုပဲစိတ်ထဲကြည်နူးမိနေနေ တဖက်လူသတိမထားမိစေရန် ထယ်ယောင်းအမေးတစ်ခုနှင့်သာ သူ့အပြုအမူကိုထိန်းထားလိုက်တော့သည်။
''မဟုတ်ဘူး ''
''ဒါဆိုဘာလို့လဲ''
''သတိရနေမိလို့ ''
''ဗျာ...!''
သည်လူကြီးကတော့လူကိုရင်ခုန်အောင်အရမ်းလုပ်...။ဘာလို့တဲ့တိုးကြီးလဲ မနေတတ်တော့ဘူး ဗျာ။
CITEȘTI
𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)
Fanfiction{''ဂျွန်က ဘဝတစ်လျှောက်လုံးမှာ ရူးမိုက်စွာစွဲလမ်းမိတဲ့ စွဲလမ်းမှုလှလှလေးပေါ့...''} Taekook fanfiction Started date: July 1,2022. Ended date: October 31,2022. Uni+Zawgyi