Unicode
မွေးနေ့ပွဲကိုရောက်တော့လူအတော်အများရောက်နှင့်နေကြလေပြီဖြစ်သည်။လီဆောင်းဂျယ်ကဒီမြို့မှာပဲနေခဲ့သူမို့ထင် ငယ်သူငယ်ချင်းအချို့ပါဖိတ်ထားပုံပေါ်ပါသည်။
''ထယ်လေး!!''
ခြံဝခြေချရုံသာရှိသေးကြားလိုက်ရသည့်အသံကြောင့်ဂျီဝမ်ကတော့မျက်နှာကိုမဲ့လိုက်မိသည်။ထယ်ယောင်းကတော့ လှမ်းခေါ်သည့်လီဆောင်းဂျယ်ကိုပြုံးပြရင်း အနားကိုသွားလိုက်သည်။
''မွေးနေ့မှာပျော်ရွှင်ပါစေ အကိုဆောင်းဂျယ် ဒါကျွန်တော့်လက်ဆောင်ပါ''
ထယ်ယောင်းပေးလာသည့်လေးထောင့်ဘူးကိုယူရင်းလီဆောင်းဂျယ်ကအသားယူကာထယ်ယောင်းလက်ဖမိုးတို့ကိုကိုင်ဖြစ်အောင်ကိုင်လိုက်ပါသေးသည်။
''လူလာရင်ပဲရပါပြီထယ်လေးရဲ့ လာလေ ဟိုနားမှာထယ်လေးတို့အတွက် သီးသန့်စားပွဲစီစဥ်ထားတယ်''
ပြောရင်းဆိုရင်းနဲ့ပင်ထယ်ယောင်းလက်ကိုဆွဲခေါ်သွားသည်မို့ ဂျီဝမ့်မှာအနောက်ကမပြေးရုံတမယ်လိုက်ခဲ့ရတော့သည်။
''ဒီမှာထိုင်အုံးနော် ထယ်လေး ကိုယ်ဟိုဘက်သွားဧည့်ခံလိုက်အုံးမယ်''
ထယ်ယောင်းတို့စားပွဲမှာတော့ ဆောင်းဟယ်မီတစ်ယောက်သာရှိနေပြီး တခြားဝိုင်းတွေလိုမဟုတ်ပဲ အချိုရည်တို့သာထားပေးထားသည်။ ဒါကလဲအသက်မပြည့်သေးသည့်ထယ်ယောင်းတို့အတွက်ကြိုစီစဥ်ပေးထားပုံပါပဲ။
''ဟယ်မီ ရော့ နင့်အကို့ကိုပေးလိုက်''
ဂျီဝမ်ကသူ့လက်ဆောင်အားဟယ်မီကိုသာပေးခိုင်းလိုက်တော့သည်။
''အင်း ပေးလိုက်မယ် အအေးသောက်ကြအုံး ဟိုဘက်မှာဘူဖေးလဲရှိတယ် နင်တို့စားချင်ရင်ငါသွားယူပေးမယ်''
''အာ ရတယ်ဟယ်မီ ခဏနေပြန်မှာ ငါတို့အအေးပဲသောက်လိုက်မယ် အိမ်မှာလဲအမကတစ်ယောက်ထဲရယ်''
''အဲ့လိုလား အ့ဆိုလဲပြီးရောလေ သောက်ကြအုံး ငါဟိုဘက်ခဏသွားအုံးမယ် ခဏတော့နေကြအုံး''
ထိုမျှသာပြောပြီးဟယ်မိီကဆောင်းဂျယ်ရှိရာစားပွဲဘက်သို့ထွက်သွားသည်။
VOCÊ ESTÁ LENDO
𝑇ℎ𝑒 𝑂𝑏𝑠𝑒𝑠𝑠𝑖𝑜𝑛❥ (Completed)
Fanfic{''ဂျွန်က ဘဝတစ်လျှောက်လုံးမှာ ရူးမိုက်စွာစွဲလမ်းမိတဲ့ စွဲလမ်းမှုလှလှလေးပေါ့...''} Taekook fanfiction Started date: July 1,2022. Ended date: October 31,2022. Uni+Zawgyi