အပိုင်း(17)Un

Start from the beginning
                                    

"အေး‌အေး

___&&&___&&&__&&&

"ဒေါင်း ဘယ်ကနေလာတာလဲ

အဖေရဲ့ လယ်ထဲက ပဲခင်းကိုသွားကြည့် မကြည့်ရင်ငါအိမ်မနေနဲ့ဆိုတဲ့  တစ်ချက်လွှတ်အမိန့်ကြောင့်  ခွပ်ဒေါင်းနဲ့ ကျော်ကြီး လယ်ထဲကိုရောက်နေတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နံ့သာနဲ့ပါလာဆုံတာဖြစ်သည်။

" အဖေကပဲခင်းကြည့်ခိုင်းလို့လာကြည့်တာပါ နင်ကရော ဘယ်သွားမလို့လဲ

" အဖေဆီကို ရေဘူးသွားပို့မလို့ ‌ နင်ငါရောက်နေတာတောင် ငါဆီအလည်မလာဘူးနော်

နူတ်ခမ်းဆူပြီး မကျေနပ်ပြောနေတဲ့ နံ့သာ ကိုခွပ်ဒေါင်းရီပြလိုက်ပြီး

"ငါမအားလို့ဟာ အားရင်လာလည်မှာပေါ့ဟ

" ဖဲရိုက် ထန်းရည်သောက်အလုပ်ဘဲရှိတာကို မအားဘူးပေါ့

ခွပ်ဒေါင်းဘာသာပြန်မပြောမိပါ

" ဘယ်သူတွေလဲဆိုပြီးတော့ အဝေးကနေကြည့်နေတာ ကိုကြီးခွပ်ဒေါင်းနဲ့ မနံ့တို့ပါသား

ကျောက်ခဲအပြောကို ကျော်ကြီးကဝင်ပြောသည်

" ငါကနတ်သားမို့နဲ့တူတယ် ငါကိုမမြင်ဘူး

" ဟီးဟီး ကျတော်ကစတာပါဂျာ

ကျောက်ခဲအပြောကိုအကုန်လုံးကသဘောကျနေပြီး ဝိုင်းစနေကြသည်။

ခွပ်ဒေါင်း ကတော့ ထိုစကားဝိုင်းထဲဝင်မပါဘဲ ကျောက်ခဲဘေးကလူကိုစိုက်ကြည့်နေလိုက်တယ် ။

ပဲများချင်လိုက်တာကလဲ လွန်ပါရောဗျာ ဒီလောက်နေပူနေတာတောင် အကျီလက်ရှည်ကဝတ်မလာဘူး  ခေါင်းမှကတော့ ဦးထုပ်ကြီးနဲ့ တကယ်လူဗျာ

" နေပူထဲ ထွက်တာတောင်  ခင်ဗျားတော်တော် လှချင်နေတာလား

အကုန်လုံးကအံ့ဩလျက်

" အသားအရည်ကဖြင့် မွေးကင်းစကလေးလောက်တောင် အပူ ဒဏ်မခံနိုင်ဘဲနဲ့နေပူထဲထွက်လာကို လက်ရှည်ကဝတ်မလာဘူး ကြည့်အုံးခင်ဗျားလက်တွေ နီရဲနေပြီ

နွေဦးကိုယ်လက်တွေကိုယ်ပြန်ကြည့်လိုက်တော့ သူပြောသလောက်မဆိုးပါ

ဒေါင်းWhere stories live. Discover now