"ဒီလောက်ရှင်းလင်းနေပြီးကိုမေမေရယ်
သူ့ဘဝနဲ့သူရှိပါစေတော့ သားမနှောင့်ယှက်ချင်တော့ဘူး"

သူ့စကားကြားတော့မေမေက ခေါင်းတစ်ဆတ်ဆတ်ညိတ်သည်။
သူ့လက်ကိုအုပ်ကိုင်ပြီး မေမေကတစ်ခုခုကိုပြောချင်နေဟန်။

"မေမေတို့ကနေဒါကိုပြန်ကြမယ် သားငယ်လေးရဲ့ဘဝကိုအသစ်ကနေပြန်စကြမယ် သားငယ်လေးက ပျော်ပျော်နေရမယ်နော်"

"ဟုတ်မေမေ"

ထယ်ယောင်းတောက်တောက်ပပလေးပြုံးကာ မေမေ့ကိုဖက်ထားလိုက်သည်။
ဟုတ်တယ်။သူအစကနေပြန်စရမယ်။သူ့ဘဝကိုသူပိုင်တာမို့။ မနှစ်မြှုပ်သင့်တဲ့ရပ်ဝန်းမှာ မနှစ်မြှုပ်ချင်တော့ဘူး။

"ထွက်သွား!! အားလုံးထွက်သွားကြ!!"

ခလွမ်း!! ဒုန်း!!

လာပို့ထားသောထမင်းပန်းကန်များကိုနံရံထက်ပစ်ပေါက်ပြီးသောင်းကျန်းနေသည့်ဂျောင်ကု။ တစ်ကိုယ်လုံးမှာလည်း တစ်ဆတ်ဆတ်တုန်နေပြီး အခန်းထောင့်တွင့်ကပ်ပြီး ခြောက်ခြားဟန်ပေါ်နေသည်။ သူဆေးလိုနေခဲ့တာ။ သို့ပေမဲ့ဖြင့်...

"Honey...Honeyကိုတွေ့ချင်တယ်!!!
တံခါးဖွင့်ကြလို့ပြောနေတယ်လေ အား!!!"

ဒုန်း! ခလွမ်း!

ဆူညံနေသောအသံကြောင့် ဂျွန်ကတော်မှာမနေနိုင်တော့ပဲ အပေါ်ထပ်သို့ပြေးတက်လာသည်။ဂျောင်ကု၏အခန်းရှေ့တွင် အစောင့်နှစ်ယောက်ကနေရာယူလျှက်။

"သား..သားငယ်တစ်ခုခုဖြစ်နေပြီးလားမသိဘူး ဝင်ကြည့်ကြလေ "

"ဝန်ကြီးက သူ့အမိန့်မရပဲ ဘယ်သူမှမဝင်ရဘူးလို့ပြောထားပါတယ်"

"နင်တို့တွေရူးကုန်ကြတာလာ ငါ့သားငယ်လေးသေသွားလိမ့်မယ်!"

"မိန်းမ တော်တော့စမ်း!"

အနောက်မှထွက်လာသောအသံကြောင့်လှည့်ကြည့်လိုက်တော့ဂျွန်သခင်ကြီး။

"ဂျွန် လုပ်ပါအုံး သားငယ်တစ်ခုခုဖြစ်နေပြီးလာမသိဘူး"

ဂျွန်သခင်ကြီး၏လက်ကိုကိုင်ပြီးတောင်းဆိုသောမျက်ဝန်းများဖြင့်ကြည့်နေတဲ့ဂျွန်ကတော်။သူ့သားကိုအတော်လေးစိတ်ပူနေပုံပင်။တစ်နေကုန် ယွန်ဂီအခန်းရှေ့ပြေးလိုက် ဂျောင်ကုအခန်းရှေ့ပြေးလိုက်နှင့် သူမတော်တော်ပင်ပန်းနေရှာမှာ။

Loading..Where stories live. Discover now