အယုံလွယ်တာကမင်းတို့ကိုခွဲနေတာပဲကောင်လေးရာ။

"အော်...ဒါနဲ့ အဲ့ဒီVideoထဲကအမျိုးသမီးက မင်းကို ကြောငျးရှေ့ကGreen teaဆိုင်မှာစောင့်နေတယ် သွားတွေ့လိုက်ပါအုံး"

ထိုလူထွက်သွားသည်နှင့်ထယ်ယောင်းမှာ အတန်းတက်ချင်စိတ်မရှိတော့တာကြောင့် ကျောင်းရှေ့သို့ပင်ထွက်လာခဲ့သည်။
ခေါင်းထဲမှာတော့အတွေးပေါင်းစုံပင်။

မောင်ကနမ်းယုံတင်နမ်းခဲ့တာဖြစ်မှာပါ။
သူကဘာလို့ထိုလူရဲ့စကားကိုယုံရမှာလည်း မောင်ကသူ့ကိုသစ္စာဖောက်မဲ့သူမှမဟုတ်ပဲ။
မောင်ကဆိုးသွမ်းနေပေမဲ့သူ့အပေါ်သစ္စာဖောက်မဲ့လူမျိုးတော့မဟုတ်ပေ။

ဆိုင်ထဲသို့ဝင်သွားတော့ ထောင့်ဆုံးဝင်ကအမျိုးသမီးတစ်ယောက်ကလက်ပြတော့ ထိုအမျိုးသမီးရှိရာဝိုင်းတွင်ဝင်ထိုင်လိုက်သည်။

"ကင်မ်ထယ်ယောင်းမလား?"

"ဟုတ်ပါတယ်"

"တို့နမယ် ယွန်မီ နာယွန်မီဆိုပါတော့"

"အင်း ဘာကိစ္စလည်"

"ဒါကိုတစ်ချက်ကြည့်ပေးပါ"

ဘာလို့လူတွေကဒီနေ့တစ်နေကုန်လုံးသူ့ကိုကြည့်ပဲကြည့်ခိုင်းနေတာပါလိမ့်။
စိတ်ရှုပ်ရှုပ်ဖြင့်ထိုအမျိုးသမီးကမ်းပေးလာသောစာရွက်ကိုကြည့်လိုက်တော့ သွေးများမှာ ဦးနှောက်အထိဆောင့်တက်သွားသလိုပင်။

DNAစစ်ရာမှာ တူညီမှုက99.99%?
လာနောက်နေတာလာ။ မောင်..မောင်ကထိုအမျိုးသမီးနဲ့အိပ်ခဲ့တယ်ပေါ့။ တကယ်ပဲမောင်ကအိပ်ခဲ့တာလား။

"JKကတို့ကိုတာဝန်ယူရလိမ့်မယ်
အဲ့တော့ ကင်မ်ထယ်ယောင်ကJKကိုတွယ်ကပ်မနေပါနဲ့တော့
JKကရှင်နဲ့ခဏအပျော်ရှာခဲ့ရုံပဲ"

ထိုအမျိုးသမီး၏အသံမှာသူ့နားထဲတွင်ကြားတစ်ချက်မကြားတစ်ချက်။မောင်ကတစ်ကယ်သူမနဲ့အိပ်ခဲ့တာတဲ့လား။.မအိပ်ရင်DNAစစ်ချက်ကထွက်လာမှာမဟုတ်။

သူမကိုကြည့်လိုက်တော့ အောင်နိုင်သူအကြည့်ဖြင့် သူမ၏ခပ်ပူပူဖြစ်နေသောဗိုက်လေးကိုပွတ်နေသည်။ အကြည့်များကလှောင်ပြုံးပြုံးနေသယောင်။ မောင်ကတကယ်ပဲသူ့ကိုကစားနေခဲ့တာလား။

Loading..Where stories live. Discover now