"မောင့်ကို မျက်နှာချင်းမဆိုင်ချင်ဘူး.."

"မောင်တောင်းပန်ပါတယ်ကွာ..မောင်မင်းကိုအဆုံးရူံးမခံနိုင်ဘူးလေဂျွန်ရယ်...မောင်..မောင်ကမင်းကိုသိပ်ချစ်တာလေ..မောင့်ကို တံခါးလေးဖွင့်ပေးပါဦးလား.."

ဂျွန်ဘက်က ကိုယ်ထိလက်ရောက်ပါတယ်ဆိုတာ ဒါပထမဦးဆုံးပါပင်။ ဒီကောင်လေးသာ သူ့ကိုမုန်းသွားရင်၊ကွာရှင်းခွင့်တွေတောင်းခဲ့ရင် သူဘယ်လိုများပြန်ပြောနိုင်မလဲ။

သူလုပ်လိုက်တဲ့ အပြုအမူတွေကို ဂျွန်‌မုန်းသွားမလား။ သူပြောလိုက်တဲ့စကားတွေကို ဂျွန်မုန်းသွားမလား။အတွေးတွေနဲ့တင် မျက်ရည်တွေဟာလဲ အဆတ်မပြတ်တော့ပါပင်။

ငိုရလွန်း၍လဲ လည်ချောင်းတွေပင် နာလာရသည်။

ရုံးကိုလဲ မသွားဖြစ်သလို။ ဒီအခန်းရှေ့၌ တံခါးလေးကိုမှီပြီး ငိုနေမိသည်။ အရာအားလုံးက မင်းလောက်အရေးမကြီးပါဘူး၊ မောင်ကထုတ်မပြတတ်ခဲ့တာ။မောင်မှားတာဂျွန်..။

နေ့လယ်ရောက်သည့်တိုင်အောင် အခန်းထဲက ထွက်မလာသော ဂျွန်ရယ်။ မောင့်ရင်တွေများ နာအောင် လုပ်နေတာလားဂျွန်။

"ဂျွန်..မောင့်သက်လျာ နေ့လယ်စာ စားရအောင်လေ.."

"ငါမစားချင်ဘူး.."

ခပ်ပြတ်ပြတ်လေးထွက်လာသော အသံသည် ကွဲအက်နေ၍။ဘယ်လောက်တောင် ငိုထားရပါဘိ။ မောင်က မင်းမျက်နှာလေးကို ကိုင်ပြီး မျက်ရည်တွေကို တယုတယသုတ်ပေးချင်သေးတယ်လေ။

မောင့်ကို စိတ်ဆိုးလို့လားဆိုတော့လဲ ရေရေရာရာမရှိ။ ဒီတိုင်း၊ဒီတိုင်းပဲ မောင့်နဲ့မျက်နှာချင်းမဆိုင်ချင်ဘူး။ ငါကမောင့်အမြင်မှာ ပုန်းရှောင်နေတယ်လို ထင်နေမှာငါသိတယ်။ ဒါမဲ့ ငါထွက်မလာချင်ဘူး။အခုချိန်မှာ တစ်ယောက်ထဲပဲနေချင်တယ်။

ကျီ~~တီ*

တံခါး‌ဖွင့်သွားသံ၊မောင်ထွက်သွားပြီ။ ထိုအသံကြောင့် ရုတ်တရက်ထ၍ အခန်းပြင်သို့ကြည့်မိသည်။ ဟုတ်သည် အခန်းထဲမှာ မောင်မရှိတော့။

"မောင်ဘယ်ကိုသွားတာလဲ.."

အခုလိုကြတော့လဲ မောင့်ကိုပြန်တမ်းတနေပါ‌ရော။ သူကိုယ်သူဘာဖြစ်နေတာလဲ။ သူ့စိတ်တွေကိုယ်ကဘာဖြစ်နေတာလဲ။

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now