Ep-4

139 6 0
                                    

"မောင် အဆင်ပြေပါမလား"

မောင် အိမ်ရှေ့ရောက်လေတော့ မောင်လက်ကို မေမီ အတင်းဆုတ်ကိုင်လိုက်ပြီး မေးလာလေရာ ပြည့်စုံ ပြုံးလိုက်ပြီး

"အဆင်ပြေမှာပါ မရယ် အဲ့လောက်လဲ စိုးရိမ်မနေပါနဲ့ဗျာ မောင် မေမေက မမကို မတွေ့သေးလို့ပါ တွေ့ရင်  မမကို ချစ်သွားမှာပါ"

"အင်းပါ မောင်ရယ်"

မောင်လက်ကို ထွေးဆုတ်ရင်း  သူမ မောင် နှင့်အတူ မောင် အိမ်ထဲသို့  လိုက်ခဲ့လေသည်။

"ရောက်လာကြပြီလား"

ဒေါ်ခိုင်ခိုင်၏ အမေးကြောင့်  ပြည့်စုံ ပြုံးလိုက်ပြီး

"ဟုတ်ကဲ့ မေမေ"

ဒေါ်ခိုင်ခိုင် မျက်နှာထားတင်းတင်းဖြင့်

"ဒီမှာ မိန်းကလေး တို့သားမှာ လက်ထပ်ဖို့ ရည်ရွယ်ထားပေးသူ ရှိပြီးသား လက်ထပ်ပွဲက ရှေ့အပတ်ထဲ စဉ်စီထားပြီးသား ဖိတ်စာလဲ ရိုက်ပြီးသား"

"အမေ"

ပြည့်စုံ မျက်ဝန်း အဝိုင်းဖြင့် အမေ ကို ထိတ်လန့်တကြားခေါ်လိုက်တော့ ဒေါ်ခိုင်ခိုင် ပြောလိုက်သည့်က

"ငါ့ကို ဘာမှ နင်ဆက်မပြောနဲ့ ငါ အစကတည်းက ပြောပြီးသား ဒီတလောကလုံးမှာ ငါ့ချွေးမက သမီး သံစဉ်ပဲ တခြား ဘယ်သူမှ မဟုတ်ဘူး"

မေမီ ပြတ်သားလှသော မောင် မေမေ စကားကြောင့် မောင် ကို တစ်ချက်ကြည့်ပြီး

"မင်း ငါ့ကို မင်းအိမ်ကို ခေါ်ပြီး အရှက်ခွဲတာလား မင်းပြည့်စုံ ငါ့အစကတည်းက ရိပ်မိဖို့ ကောင်းတာ မင်း တို့ နှစ်ယောက် အခြေအနေ အခုတော့ ငါ ကောင်းကောင်း သဘောပေါက်သွားပြီမို့ သွားတော့မယ်"

စကားအဆုံးတွင် မေမီ နာကျင်မှုများစွာဖြင့် သူကို ကျောခိုင်းခဲ့လေသည်။

"အရမ်းချစ်တယ် မောင် အရမ်း မြတ်နိုးခဲ့ပါတယ် ဒါပေမယ့်ပေါ့လေ"

မေမီ အတွေးစိတ်တွေထဲ မှာ  သိမ်ငယ်မှု မျိုးစုံ ခံစားနေရလေသည်။ အိမ်က သဘောတူသည့် ကိုအာကာကို မချစ်မနှစ်သက်၍ ထွက်ပြေးခဲ့ပြီးမှ ချစ်ရပါသော မောင် ရင်ခွင်မှာ မှီခိုကာမှ  မောင် မှာ ဆိုင်သူ ရှိနှင့်နေလေပြီ။

ပန်းသုံးပွင့်စီးချင်းWhere stories live. Discover now