ဂျစ်တူးမ

196 4 0
                                    

Ep-2

ပြည့်စုံ မနက်က သူကို ဝင်တိုက်မိသော မမ အကြောင်း တွေးရင်း နှုတ်ခမ်းတစ်စုံက မသိမသာ ပြုံးမိသည့် အထိပင်။

လှသည်။

လှသည့် ဆိုတာထက် ပိုလှသည့် မဟာဆန်သည့် အလှမျိုး။  ပြည့်စုံ ရင်အစုံကို အမှန်တကယ် လှုပ်ခက်သွားစေသော အမျိုးသမီး တစ်ဦးပင်။

"ဟေ့ ပြည်စုံ ဘာတွေတွေးပြီး ပြုံးနေတာလဲ"

သံစဥ် အိမ်ပေါ်တက်လာစဥ် ပြုံးဖီးဖီး မျက်နှာထားဖြင့် တစ်ခုခုကို တွေးနေသော ပြည့်စုံအား မေးလိုက်ခြင်းပေ။

"မဟာဆန်တဲ့ မမ တစ်ယောက်ကြောင်း"

သူ စကားကြောင့် သံစဥ် နှုတ်ခမ်းကို မဲ့လိုက်ပြီး

"ကြည့်လဲလုပ်ဦးနော် တော်ကြာ ရည်းစားတွေ သာ ထည်လဲတွဲပြီး မိန်းမ  မရဘဲ ငှက်ပျောတုံးဖတ်ပြီး ကိစ္စချောသွားဦးမယ်"

"ဖွ လွှဲပါစေ ဖယ်ပါစေ မဦးမချွတ် မိသံစဥ်ရယ်"

အထိတ်တလန့်ဖြင့် အော်လိုက်သော  သူ အသံကြောင့် သံစဥ်ပြုံးလိုက်ပြီး

"ဘာလဲ နင်က သေမှာကြောက်နေတာလား"

"ကြောက်တာပေါ့ဟ လူပဲ"

"အေးပါ ငါက နောက်တာပါ ငါနင်ကို အဖော်လာခေါ်တာ"

"ဘယ်ကိုသွားမှာလဲ"

"မမလွင်မာ အိမ် မေမေ ခိုင်းထားလို့ အဲ့ဒါနင်လိုက်ခဲ့ပေး"

"အေးပါ ဂျစ်တူးမရယ်"

သံစဥ် နှင့် ပြည့်စုံအတွက်တော့ သူငယ်ချင်းဆိုတာထက် မောင်နှမ လိုပင်။ တစ်ယောက်တစ်လှည့် ကူညီရိုင်းပင်းရင်း သူတို့နှစ်ဦးက အရင်းနှီးဆုံး လူသားနှစ်ဦးပင်။
             ။         ။

"မမလွင်မာ မမလွင်မာ"

သံစဥ်  လွင်မာအမည်အား ခေါ်ကာ အိမ်ထဲသို့ ဝင်ခဲ့လိုက်လေသည်။

"ညီမလေး လွင်မာမရှိဘူးကွဲ့"

"အယ် မမမေမီ ဘယ်တုန်းကရောက်လဲ"

သံစဥ်   မေမီကို တွေ့လေတော့ ဝမ်းသာစွာ နှုတ်ဆက်လိုက်လေသည်။

ပန်းသုံးပွင့်စီးချင်းWhere stories live. Discover now