ဘယ်လိုပဲဖြစ်နေနေ ဒါက တစ်နှစ်မှတစ်ခါပဲရှိတဲ့ အားလပ်ရက်လေးဖြစ်ပြီး ဖြစ်နိုင်မယ်ဆိုရင် တကယ့်နေ့မှာပဲ ကျွန်တော် ကျင်းပချင်တာဖြစ်တယ်။

တချို့တွေက ပြောကြတယ်၊ ရည်မှန်းချက်မြင့်မြင့်မားမား မရှိဘဲ အိုးနင်းခွက်နင်းနဲ့ ပြီးမြောက်သွားတဲ့ဘဝက ကောင်းမွန်တယ်တဲ့၊ သို့ဖြစ်စေကာမူ ဒီလောက်အချိန်ကြာမြင့်နေပြီဖြစ်တဲ့ ဆက်ဆံရေးတစ်ခုရှိပြီးတာတောင် ကျွန်တော်ကတော့ အမြဲတမ်း အပြင်းအထန်ကြိုးစားချင်နေတုန်းပဲ။

လော့ယွီချန် Ireland ကိုသွားတဲ့ညမှာ ကျွန်တော်၊ ဖန်းရှဲ့ယိနဲ့ ရှောင်လုတို့ ညစာအတူစားဖြစ်ခဲ့ကြတယ်။

ချစ်သူများနေ့အတွက် ပရိတ်သတ်တွေက ကုမ္ပဏီဆီကို ပို့ပေးလာတဲ့ ချောကလက်ပမာဏက အလွန်အံ့အားသင့်စရာကောင်းတယ်လို့ ရှောင်လုက ပြောလာတယ်။

"အဲ့တာ ပုံမှန်ပါပဲ၊ ငါတို့ကျောင်းသားဘဝတုန်းကဆို အတန်းချိန်ပြီးပြီဆိုတာနဲ့ လူတွေက သူ့ကို ပစ္စည်းတွေ မကြာမကြာလာပေးတတ်တယ်" ကျွန်တော် မှတ်မိတာပေါ့။

အဲ့တာအမှန်ပဲ။ စီနီယာအစ်မကြီးတစ်ယောက်ဆို နို့၊ ပေါင်မုန့်နဲ့ နာမည်ရှိတံဆိပ်အဝတ်အစားတွေကိုတောင် လက်ဆောင်ပေးဖူးတယ်။

"အဲ့တာ ဘာပြောချင်တာလဲ? သူက ကိုယ့်ထက်ရတာ ပိုများတာလား?" ရှောင်လုက သူ့နှုတ်ခမ်းတွေကို ကော့ညွတ်ကာ "ဖန်းရှဲ့ယိထက် များလား? ကိုယ် ပုံကြီးချဲ့ပြောတာတော့ မဟုတ်ဘူးနော်၊ ကျောင်းမှာတုန်းက ဖန်းရှဲ့ယိရတဲ့ ချောကလက်ပမာဏက လုံးဝ ဆိုင်တစ်ဆိုင်တောင် ဖွင့်စားဖို့ လုံလောက်တယ်!"

"ဒါပေမယ့် အာ... ကိုယ်တို့တက်တဲ့ ကျောင်းကတော့ ယောကျာ်းလေးကျောင်းပေါ့"

ဖန်းရှဲ့ယိက ဇွန်းတစ်ချောင်းယူကာ သူ့ပါးစပ်ထဲကို စတော်ဘယ်ရီယိုတွေ ပါးစပ်အပြည့် ထိုးထည့်ကာ အောင်အောင်မြင်မြင် ပါးစပ်ပိတ်နိုင်လိုက်တယ်။

သူက ကျွန်တော့်ဘက်ကိုလှည့်ပြီး မေးလာတယ် "မင်းနဲ့ လော့ယွီချန်က ဒီနှစ်ချစ်သူများနေ့မှာ အတူတူ ဆင်နွှဲမလို့လား?"

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now