As if it's your last part-1

362 25 0
                                    


"အိုးဟိုး.........ရေး
ဒီနေ့ရာသီဥတုသာယာပြီးနေလို့ကောင်းတဲ့နေ့လေးပဲ
စာသင်ရမယ့်အချိန်လေးကလွဲရင်ပေါ့"
ကျောင်းရှေ့ရောက်နေတာကြာပြီဖြစ်ပေမယ့်ခုထိကျောင်းထဲမဝင်ရသေးတဲ့Kim Taehyungရယ်ပါ

"ဟိုကောင်တွေဘယ်ရောက်နေလဲလို့လှမ်းမေးရမယ်"
"📞အေး ဟိုကောင်တွေမင်းတို့မရောက်ကျသေးဘူးလား"
"........."
"ခုထိကိုမရောက်ကျသေးဘူးလားဘာလုပ်နေကြတာလဲဟ ကျက်သရေတုန်းတွေရဲ့"
"........."
"ပြီးရော့ဒါဆိုလည်း ငါကန်တင်းကစောင့်နေမယ်"
အလကားဟာတွေပထမဆုံးကျောင်းဖွင့်ရက်ကလေးကိုစောစောလာကျမယ်မရှိဘူး
ကန်တင်းပဲသွားစောင့်နေတော့မယ်
လမ်းတလျှောက်လည်းလူကိုကြည့်နေလိုက်ကြတာ
အေးပေါ့ကိုယ်ကလည်းကြည့်လည်းကြည့်ချင်စရာလေthe whole kingကို ကြည့်ကြပါစေ

အော် ဒါနဲ့ကိုယ့်ကိုယ်ကိုမိတ်ဆက်ရဦးမယ်ဗျ
ကျွန်တော့်နာမည်ကKimTaehyungပါဗျ
စီးပွားရေးမေဂျာနောက်ဆုံးနှစ်ကျောင်းသားthe whole king Kim Taeဆိုလူတိုင်းသိတယ်ဗျ
ကျွန်တော်ကရုပ်ရှိရေလျှံသဘောမနောကောင်းလေးဆိုတော့လူတိုင်းကကျွန်တော်ကိုခင်ကြတယ်ဗျ
ဒါကိုယ့်ကိုယ်ကိုမြောက်ပြောတာမဟုတ်ဘူးဗျတကယ်အရှိကိုပြောနေတာပါ
ကျွန်တော်မှာသူငယ်ချင်း၂ယောက်ရှိတယ်ဗျ
Park Jiminနဲ့Jeon Jungkookတဲ့
သူတို့ကလည်းကျွန်တော့်လိုရုပ်ချောသဘောကောင်းတွေဆိုပေမယ့်ကျွန်တော်ကအသာဆုံးဗျ
တခုရှိတာကကျွန်တော်တို့ကသဘောတာကောင်းတာအခြားသူတွေဆိုမေးထူးခေါ်ပြောဗျ
ကျွန်တော်တို့ဘက်ကစပြီးတော့ဘယ်တော့မှအခေါ်အပြောမလုပ်ဘူး အဲ့တော့လူတိုင်းကကျွန်တော်တို့နဲ့ရင်းနှီးချင်တယ်မိတ်ဆွေဖြစ်ချင်ကြတယ်ဗျဒါပေမယ့်လည်းကျွန်တော်တို့အဖွဲ့ကကျွန်တော်တို့၃ယောက်နဲ့တင်ကိုတော်တော်ပြည့်ဆုံနေပြီဆိုတော့
ဟောပြောရင်းဆိုရင်းပတ်ဂျပုလာပြီဗျ
"ဟေးငါဒီမှာပတ်ဂျပု"
"လိ့ကိုပတ်ဂျပုလားကွ မက်မွန်သီးကောင်နော်မင်း"လို့ပြောပြီးကျွန်တော်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်တဲ့ကောင်
အဲ့လိုဆိုမှခုနကကျွန်တော့်အကြောင်းပြောနေတာနဲ့ပဲကန်တင်းရောက်နေလို့ထိုင်နေပြီဖြစ်ကြောင်းကိုမပြောလိုက်ရဘူး
"ဘာကိုမက်မွန်သီးလဲ"
"မက်မွန်သီးမလို့မက်မွန်သီးလို့ခေါ်တာလေမဟုတ်လို့လား ဒါနဲ့ ဂျောင်ကုမရောက်သေးဘူးလား"
"အေးမရောက်သေးဘူး
အဲ့ကောင်ကသူ့ဘဲကြီးဆီအရင်သွားနေတာနေမှာပေါ့"
"ဟျောင့်တွေ ငါ့အတင်းပြောနေကြတာလား"
ပြောနေတုန်းရောက်ချလာတဲ့ငကုပါလေ
"အေး မင်းနောက်ကျတယ်နော် ဘာလဲမင်းဘဲကြီးကိုအရင်သွားတွေ့နေတာမလား"
"ဟဲဟဲ😁မင်းတို့ကလည်းငါ့ကိုကိုနဲ့ကမတွေ့ရတာကျောင်းပိတ်လို့ကိုကိုUSကသူ့အဖေဆီသွားလည်ကတည်းကလေကွာ စိတ်မဆိုးကြပါနဲ့သယ်ရင်းတို့ကလည်း
မင်းတို့စားချင်တာစားလေငါဝယ်ကျွေးပါ့မယ်ကွ😁"
"အေး ဒီတခါတော့ခွင့်လွှတ်လိုက်မယ် ဒါပေမယ့်ဒါမုန့်ကြောင့်မဟုတ်ဘူးနော်"
"သေချာလို့လားပတ်ဂျပုရယ် မင်းအကြောင်းငါသိပါတယ်မုန့်ငတ်ရင်ငတ်တယ်ပေါ့"
"ဟျောင့်ငထယ်မင်းတော်တော်လွန်နေပြီနော်
ငါ့ဘာသာငတ်တာဘာဖြစ်လည်းပြီးတော့ငါ့ကိုနောက်တခါပတ်ဂျပုလို့ခေါ်ရင်မင်းကိုဖြတ်ပစ်မယ်"
ဆိုပြီးအကျယ်ကြီးပြန်ထအော်တဲ့ကောင်ရယ်
"ဟျောင့်မင်းဘယ်ဟာကိုပြောတာလဲ"ဆိုပြီးလက်၂ဖက်နဲ့ကိုယ့်ဟာကိုယ်ပြန်အုပ်နေတဲ့ကောင်ရယ်
အမလေးသူတို့အစားငါကရှက်လိုက်တာနော်
ကြားထဲကိုကို့ကိုတောင်လွမ်းလာသလို
"ကဲကဲ
မကိုက်ကြနဲ့တော့သူများတွေလည်းကြည့်နေပြီ"
"ဘာ..........."ဆိုပြီးပြိုင်တူထအော်တဲ့သူတွေ
အမလေးငါ့နားတော့ကွဲပြီထင်တယ် အမလေးကိုကိုရေကိုကို့ကုကီးလေးနားစည်ကွဲပြီထင်တယ်
"စတာစတာ အေးဆေးပေါ့ စားမယ်ဆိုလည်းမြန်မြန်စားကြမယ်လေ အတန်းချိန်နီးပြီလေ😆
အဲ့တာကြောင့်မို့ငါ့မှာအကြံကောင်းတခုရှိတယ်
ငါတို့မစားတော့ပဲနဲ့အတန်းသွားတက်ကြမယ်
ဘယ်လိုလဲ"
"ဘာမှတောင်မစားရသေးဘူး
ကပ်စီးနဲကော်တရာရယ်မကျွေးချင်မကျွေးချင်ဘူးပေါ့
အခုမှအစောကြီးရှိသေးတယ်အတန်းချိန်ကအဝေးကြီးလိုသေးတယ်"
"ဟဲဟဲဂျီမင်းနီးလေးကလည်း"
"ဘာလဲ အဲ့လိုမဟုတ်လို့လား"
"ဟုတ်တယ်လို့"
"ဘာရယ်"
"အဲမှားလို့မဟုတ်ပါဘူးလို့"
"ကဲတော်ကြတော့ငါမုန့်သွားယူမလို့ငကုလိုက်ခဲ့
ဂျီမင်း
မင်းစားမယ့်ဟာငကုကိုမှာလိုက်"လို့ပြောပြီးအရင်ထထွက်သွားတဲ့ငထယ်

As If It's Your Last💜💜Where stories live. Discover now