Ch-7

3K 285 45
                                    

Unicode

အန်တီလင်းအခန်းထဲကို သူဝင်သွားတော့ အန်တီလင်းက နိုးနေပြီဖြစ်သည်။ သူယူလာတဲ့ ဆန်ပြုတ်တင်ထားတဲ့ဗန်းကို ကုတင်ဘေးကစားပွဲပေါ်မှာ တင်လိုက်ရင်း ကုတင်ပေါ်မှာ တင်ပါးလွှဲဝင်ထိုင်လိုက်တော့ အန်တီလင်းက သူ့ကိုအထူးတဆန်းကြည့်နေသည်။

သူကပြုံးပြလိုက်တော့ အန်တီလင်းက မမြင်ချင်ယောင်ဆောင်လို့ သိသိသာသာမျက်နှာကို တစ်ဖက်ကိုလွှဲသွားတာမို့ ခေါင်းအသာခါလိုက်မိသည်။ အန်တီလင်းရဲ့နဖူးကို လက်ဖမိုးဖြင့်အသာစမ်းကြည့်လိုက်တော့ ခုနကလောက်ကိုယ်သိပ်မပူတော့တာမို့ ဟင်းခနဲသက်ပြင်းချလိုက်မိသည်။

တော်သေးတာပေါ့။ အဖျားမြန်မြန်ကျသွားလို့..။

"ခဏလောက်ထလိုက်ပါလားဟင်... ကျွန်တော်ဆန်ပြုတ်ပြုတ်လာပေးတယ်"

အန်တီလင်းက မကြားသလိုနေရင်း ခဏကြာတော့မှ မျက်နှာလွှဲထားရက်ကနေ သူ့ဘက်ကိုမျက်လုံးစွေကြည့်ရင်း

"မလိုပါဘူး.. လီကျင်းဆိုတဲ့ကောင်လေးကလည်း အရေးအကြောင်းဆို ဘယ်တွေလျှောက်သွားနေမှန်းကိုမသိဘူး"

"အကိုပြန်လာရင်စားဖို့အတွက် ညစာချက်နေတာမို့ လီကျင်းကို မီးဖိုချောင်ခဏကြည့်ခိုင်းထားလိုက်တာ။ ကျွန်တော့်ကိုအားမနာပါနဲ့.... မားနေမကောင်းဖြစ်တဲ့အခါတိုင်း ကျွန်တော်ပဲပြုစုပေးနေကြ"

ရန်လုပ်ဖို့ပြင်နေတဲ့ သူမစကားတွေလည်ချောင်းမှာတင် တစ်စို့လို့သွားသည်။

"အခုရော မင်းအမေကဘယ်မှာလဲ"

"မားက နှလုံးသွေးကြောကျဥ်းလို့ ဆေးရုံတင်ထားရတယ်လေ။ မားက အရမ်းသနားဖို့ကောင်းတာ.. ဘယ်လောက်ပဲရောဂါဖောက်နေပါစေ ကျွန်တော်စိတ်ပူမှာစိုးလို့ဆိုပြီး တစ်ချက်ကလေးတောင် မငြီးငြူပြဖူးဘူး။ အဲ့တာကြောင့် အမြဲတမ်း မားမူးလဲသွားတဲ့အခါကျမှသာ မားရဲ့ရောဂါအခြေအနေအမှန်ကို သိရတာ"

ထိုစကားတွေ ပြောနေစဥ်တစ်လျှောက်လုံး ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတွေက ပြုံးသယောင်ထင်ရပေမယ့် မျက်ဝန်းမှာ မျက်ရည်စတွေရစ်ဝိုင်းနေတာမို့ သူမစိတ်မကောင်းစွာဖြင့် မျက်နှာလွှဲလိုက်မိသည်။

𝑯𝒆𝒓𝒆'𝒔 𝒀𝒐𝒖𝒓 𝑷𝒆𝒓𝒇𝒆𝒄𝒕[𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now