ဟွမ်ထျန် အမိန့်ပေးစရာမလိုအောင် မိစ္ဆာတွေက ဟွမ်ထျန်အတွက် အရာအားလုံး အဆင်သင့်စီစဉ်ထားပြီးသား။ အကောင်းဆုံး အသုံးအဆောင်ပစ္စည်းတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့ နန်းတော်ကြီးထဲမှာ အကောင်းတကာ့ အကောင်းဆုံး အပြုအစုအယုအယတွေနဲ့…..

အခုပဲကြည့်လေ.. ဟွမ်ထျန်က အိစက်နေတဲ့မွေ့ရာထက်မှာ ပျင်းရိပျင်းတွဲ လဲလျောင်းနေပြီး မိစ္ဆာအလှပဂေးလေးတွေရဲ့ ဝန်ဆောင်မှုကို အေးအေးဆေးဆေး ခံစားနေလေရဲ့။ လက်ဖက်ရည်ဖျော်တဲ့လူကတစ်ဖွဲ့၊ ဆက်သတဲ့လူက တစ်ဖွဲ့နဲ့ တစ်ချို့က ဟွမ်ထျန်ရဲ့ခန္ဓာကိုယ်ကို နှိပ်နယ်ပေးနေကြပြီး တချို့ကတော့ အစားအသောက်တွေ ခွံ့ကျွေးနေကြတယ်…

ဒီထက်သာယာတဲ့ဘဝမျိုး ဘယ်မှာရှိနိုင်ဦးမှာလဲ..!

သနားစရာကောင်းတာကတော့ ဟွမ်ထျန်ရဲ့ခန္ဓာကိုယ်ထဲ ပိတ်မိနေတဲ့ ရွှယ်ယို့ရှန်းပဲ။ ထိပ်တန်းဖျော်ဖြေမှုကို မခံစားနိုင်လို့မဟုတ်ဘဲ မိစ္ဆာနယ်မြေရောက်ကတည်းက ဟွမ်ထျန်ရဲ့လုပ်ရပ်တွေကိုပဲ ထိုင်ကြည့်နေရတော့ တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်နေတာ။

ဟွမ်ထျန်က ပြန်ရောက်လာတာနဲ့ အာဏာချုပ်ကိုင်ထားတဲ့ အဆင့်မြင့်မိစ္ဆာတွေကို ဆင့်ခေါ်လိုက်ပြီး လူသားမျိုးနွယ်နဲ့ စစ်ပွဲစတင်ဖို့ အမိန့်ပေးလိုက်တယ်။ မိစ္ဆာတွေက ရုတ်တရက်ကြီး စစ်တိုက်ဖို့ပြောလာတဲ့ ဟွမ်ထျန်ရဲ့အမိန့်ကို မဆန့်ကျင်တဲ့အပြင် အကြောင်းအရင်းတောင် ပြန်မမေးပဲ ချက်ချင်းထပြန်သွားပြီး စစ်ပွဲအတွက် ပြင်ဆင်နေကြလေရဲ့။ ဟွမ်ထျန် ထပ်ပြောနေစရာမလိုအောင် တက်တက်ကြွကြွနဲ့ အစားအသောက်တွေ၊ စစ်သည်တွေ၊ စစ်ရေးဗျူဟာတွေ စုဆောင်းပြင်ဆင်နေကြတာများ….

သူတို့ရဲ့နာခံမှုကြီးက တကယ့်ကို မနာလိုစရာပဲ၊ မုန်းဖို့ကောင်းတယ်..!

မိစ္ဆာတွေကိုကြည့်ရင်း ရွှယ်ယို့ရှန်းမှာ တော်ဝင်နန်းတော်မှ ရင်းဆုယဲ့ကိုနှောင့်ယှက်ရန်သာ အမြဲတမ်း တွေးတောနေကြသော အဘိုးကြီးတွေကို ပြေးမြင်မိသွားသည်။

တကယ့်ကို နှိုင်းယှဉ်လို့မရအောင်ပဲ..!

“ဟွမ်ထျန်.. စစ်ပွဲထပ်စပြီး ဘာဖြစ်ချင်နေတာလဲ..?”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now