[44] Loving Your Enemy

Magsimula sa umpisa
                                    

သို့ပေမယ့် ...

ထိတွေ့လိုက်ပြီးမှ ရင်ထဲ ဗြောင်းဆန်သွား၏ ။

မှားပြီဖြစ်ကြောင်း သိတာမို့ လက်ကို ချက်ချင်းရုတ်လိုက်ချိန်မှာပဲ ၊ မည်းနက်နေသော မျက်ဝန်းတို့ ပွင့်လာတော့သည် ။

Afa မှာ လန့်ဖြန့်ကာ နောက်ဆုတ်မိရင်း သစ်သီးခြင်းတောင်းကို လက်နဲ့ တိုက်ချမိသွားသည် ။ လိမ္မော်သီးတချို့ စားပွဲခုံအောက် တဖုတ်ဖုတ် လိမ့်ကျသွားတော့သည် ။

" တောင်း ... တောင်းပန်ပါတယ် "

သူ ဒေါသမထွက်ခင် ၊ သူ နာကျင်စေတဲ့ စကားတွေ မပြောလာခင် ... Afa ကြောက်ရွံ့စွာ ဒူးထောက်ကာ ‌နှဖူးကို ကြမ်းပြင်ပေါ် ဒုန်းခနဲ တိုက်ချလိုက်တော့သည် ။

" ထ ဘာမှမဖြစ် ... "

" Afa သေလောက်တဲ့ အမှားကို ကျူးလွန်မိပါတယ် အရှင် ! တောင်းပန်ပါတယ် တောင်းပန်ပါတယ် ! "

သူတစ်စုံတစ်ခုကို ပြောလိုက်သော်လည်း Afa သေချာ နားမလည်လိုက်ပါ ။ သူ့ကိုသာ ထပ်ခါထပ်ခါ တောင်းပန်နေမိသည် ။

သူအရှေ့ အကြိမ်ကြိမ် အရှက်ကွဲခဲ့လျက်နဲ့ ... တဖန်မှားပြန်ပြီ ။ ငယ်ရွယ်တဲ့အချစ်မို့ မထိန်းချုပ်နိုင်တာလေလား ?

Afa ပူပန်နေခဲ့သော်လည်း ဆန်းတာက သူ့ထံမှ ဘာမှမကြားလာပေ ။ Afa မော့ကြည့်လိုက်တော့ သူလည်း ထိုင်ခုံပေါ်ကနေ ဆင်းလာပြီး ကောဇောပေါ် ဒူးတစ်ဖက်ထောက်ကာ ထိုင်လာသည် ။ ပြီးနောက် ဒေါသထွက်နေသည်လော၊ ဝမ်းနည်းနေသည်လော အဓိပ္ပါယ်မဖော်နိုင်သည့် အမူအရာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း လိမ္မော်သီးများကိုသာ ကုန်းကောက်နေတော့သည် ။

Afa မှာလည်း ထိုအခါမှ သတိဝင်ကာ ပျာသလဲလဲ လိ‌မ္မော်သီးတွေကို အတူကောက်လိုက်သည် ။

" Afa , မင်းလေ ဘာလို့အမြဲ ... ဟင်း ... ကိုယ်တော်က မင်းကို ဒီလောက်ထိတ်လန့်စေတာလား ? "

သူ့အသံသည် ခြောက်ကပ်လို့နေ၏ ။

Afa သူ့ မျက်နှာကို ကြည့်လိုက်သည် ။ သူက Afa. ကို ငေးကြည့်နေလျက် ... အဖြေကို စောင့်နေပုံပင် ။

Days of Counting Camellia (Hiatus)Tahanan ng mga kuwento. Tumuklas ngayon