[44] Loving Your Enemy

Start from the beginning
                                    

သူ ညက အလုပ်လုပ်ရင်း အိပ်မောကျသွားတာ နေမယ် ... ။

စင်းနေတဲ့ မျက်တောင်နက်တွေကို မှိတ်ထားရင်း ဖြည်းညှင်းစွာ အသက်မှန်မှန်ရှူနေတဲ့ အကြင်သူဟာ ဒီနေ့လည်း အပြစ်ရှိစွာ ချောမောလို့ နေပြန်ပြီ ။ ငေးမောနေရင်းပဲ ညှိငင်ထားရဟန် ... Afa တဖြည်းဖြည်း အနားသို့ ကပ်သွားမိသည် ။

အနားရောက်မှ သေချာကြည့်လိုက်တော့ သူ့လက်ထဲ လိမ္မော်သီးလေးတစ်လုံးကို ဆုပ်ကိုင်ထားနေ၏ ။ သိပ်ချစ်သောကစားစရာလေးကို အိပ်ပျော်နေတာတောင် မလွှတ်နိုင်တဲ့ ကလေးငယ်လေးလိုပင် ... ။ စားပွဲပေါ်က သစ်သီးခြင်းတောင်းထဲမှာလည်း လိမ္မော်သီးတွေချည်းပဲထည့်ထားတာမို့ ဧကရာဇ်လေး,သူဟာ လိမ္မော်သီးလေးများကို သိပ်နှစ်ချိုက်တာ‌ေနမှာဟု မှတ်ယူလိုက်သည် ။

ရက်စက်‌တဲ့နတ်ဆိုးမင်းသားရဲ့ ချစ်စဖွယ်လျှို့ဝှက်ချက်လေးကို အမှတ်တမဲ့သိလိုက်ရတာကြောင့် Afa ကျေနပ်စွာ ပြုံးမိ၏ ။

နှလုံးသားဟာ အေးချမ်းနေတယ်တော့ မဟုတ်ဘူး ။ သူ့ အချစ်ကို တောင့်တနေတယ် ။ သူ မသိတဲ့အချိန်မှာ သူမသိအောင် မြတ်နိုးနေဦးမှာပဲ ။

ဒါပေမယ့် သူ မြင်လို့တော့မဖြစ်ဘူး ။

သူ့ရဲ့ သတိပေးစကားကို နှလုံးမူပြီး အပြုံးတွေကို အမြန်ရုတ်သိမ်းလိုက်သည် ။ ဒီလိုရဲတင်းတဲ့ Afa. ပုံစံကို သူ မမြင်သွားခင်မှာ အမြန်ထွက်ခွာဖို့ ပြင်လိုက်၏ ။

" အင်း ... "

Afa ခြေတစ်လှမ်းမှ မရွှေ့ရသေး ... ၊ သူ နှုတ်ခမ်းကို ဆူပုပ်ကာ ညည်းညူလေ၏ ။ ဒေါသအိုးဘုရင်လေးဆိုတဲ့ အတိုင်းပဲ အိပ်မက်ထဲ ဘာတွေ စိတ်တော်မရွှင်ဖြစ်သည်မသိ ။

ခက်တာက ချိုင့်ခွက်ကာ ပေါ်လာတဲ့ ပါးတစ်ဖက်မှ တောင်ကြားလေးကို သာယာမိသွားခဲ့သည် ။ မထိန်းနိုင်တဲ့ ရင်ခုန်မှုတွေနဲ့ ချိုင့်နေတဲ့ ပါးချိုင့်တွင်းလေးကို လက်ညှိုးဖြင့် အသည်းတယား တို့ထိကြည့်မိသွားတော့သည် ။

သေအောင် ချစ်ခဲ့ရတဲ့ သူ့ပါးပြင်က ပန်းပွင့် ။ ကိုင်ကြည့်ချင်ရုံတင်မကဲ နမ်းပါနမ်းရှိုက်ချင်ခဲ့တာပါ ။

Days of Counting Camellia (Hiatus)Where stories live. Discover now