💎Final💎

8.7K 677 25
                                    

~Unicode~

ဝမ်အိမ်တော်ရဲ့မင်္ဂလာသတင်းဟာ သတင်းသမားတွေအတွက်တော့ပွတ်လောရိုက်သွားခဲ့တယ်.....

သတင်းတွေရဲ့စတင်ရာကတော့ ဝမ်သခင်လေးဝမ်ရိပေါ်ရဲ့  instagram accကစသည်။'အရမ်းချစ်ဖို့ကောင်းတယ်'ဆိုတဲ့စာသားနဲ့အတူရင်ခွင်ထဲမှာယုန်သွားလေးတွေပေါ်အောင်အိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ပုံကိုရိုက်ကာတင်ထားခြင်းဖြစ်သည်။

ဒီသတင်းကိုကြားတဲ့ဝမ်ရိပေါ်ရဲ့ fan girlတွေအသည်းဟာလည်းခွမ်းခနဲကွဲကုန်ကြတော့သည်။Dream Universityမှာလည်း hit အဖြစ်ဆုံးသတင်းတစ်ခုဖြစ်လာခဲ့သည်။

ဝမ်အိမ်တော်ကိုဆက်လာတဲ့သတင်းသမားတွေရဲ့ဖုန်းတွေကိုတော့ ဝမ်မားနဲ့ဝမ်ပါးကတောက်လျှောက်ဖြေပေးနေရသည်။နောက်တော့ သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်ရန်သာဆုံးဖြတ်လိုက်ကြသည်။

ထိုသတင်းစာရှင်းလင်းပွဲမှာတော့ကန့်ကွက်သူတွေရောထောက်ခံသူတွေရောပြည့်နှက်လို့နေသည်။အထူးသဖြင့်ရှောင်းကျန့်ကိုအပြစ်တင်တဲ့သူတွေများကြသည်။

ဝမ်မားကလည်းဒါတွေကို အခဲမကြေစွာ သူ့သမက်လေးဘယ်လောက်လှကြောင်းကို မင်္ဂလာပွဲနေ့မှာလာကြည့်ကြဖို့ဖိတ်ခေါ်ခဲ့သည်...

မင်္ဂလာပွဲမတိုင်ခင်ရက်တွေအတွင်းမှာ ဝမ်မားရဲ့ သားမက်အလှပြုပြင်ရေးလုပ်ငန်းကြီးကစတင်တယ်....ပြီးတော့ဘယ်ကအစပြုမှန်းမသိတဲ့ သတို့သားနှစ်ယောက်မင်္ဂလာမဆောင်ခင်အထိမတွေ့ရဘူးဆိုတဲ့စည်းကမ်းချက်ကိုချတယ်...

ဒါကိုဝမ်ရိပေါ်ကတော့အသည်းအသန်ကန့်ကွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့စိတ်ထားကောင်းလွန်းတဲ့ချစ်သူလေးရဲ့ဖြောင့်ဖြမှုကြောင့်လက်ခံခဲ့ရသည်။

ရိပေါ်ကညဘက်တွေဆိုလည်း ရှောင်းကျန့်ကိုခိုးလာတွေ့လို့ရမယ်မထင်ပါနဲ့။ကင်းစောင့်နေတဲ့ဝမ်မားနဲ့ရှောင်းမားကြောင့် ဝမ်ရိပေါ်မှာအီလည်လည်နဲ့သာအစီစဥ်တွေကိုဖျက်သိမ်းရသည်။တစ်အိမ်ထဲနေပြီးဖုန်းပြောနေရတဲ့သူတို့နှစ်ယောက်ရဲ့အဖြစ်ကသနားစရာ

မင်္ဂလာပွဲအတွက်လိုအပ်မယ့်ဝတ်စုံတွေ လက်စွပ်ပုံစံတွေကအစ အိမ်မှာခေါ်ကာအတိုင်းယူသည်တဲ့လေ...ထမင်းစားတာတောင် တစ်ယောက်တစ်ချိန်စီပါတဲ့...ဝမ်ပါးကတော့ ဘာမှဝင်မပြော ခေါင်းသာတစ်ခါခါ

My Ugly Boy [Completed]Where stories live. Discover now