Part 1(U+Z)

14.5K 668 19
                                    

~Unicode~

"ရုပ်ဆိုးကောင်"

"ငါ့ကိုအဲ့လိုမခေါ်နဲ့နော်...ငါမကြိုက်ဘူး"

"ရုပ်ဆိုးလို့ရုပ်ဆိုးကောင်လို့ခေါ်တာဘာဖြစ်လဲ...ရုပ်ဆိုးကောင်..ဘလပ်...ဘလပ်"

"အူးးးဝါးးးမာမားရေ...."

ရပ်ကွက်ထဲက သစ်ပင်အောက်မှာဆော့ကစားနေကြတဲ့ကလေးတွေရဲ့ဝေးရာကိုငိုပြီးထွက်ပြေးသွားတဲ့ရှောင်းကျန့်လေးး

ရှောင်းကျန့်တို့မိသားစုကဆင်းရဲတယ်...အမေတစ်ခုသားတစ်ခုဘဝလေးမို့သနားစရာသိပ်ကောင်းတယ်...ရှောင်းကျန့်အမေကအိမ်မှာစျေးဆိုင်အသေးလေးဖွင့်ကာစီးပွားရှာတယ်...ရှောင်းကျန့်လေးကခုမှ၇နှစ်ပဲရှိသေးတာမို့ဘာမှသိပ်ပြီးကူမလုပ်နိုင်..

ရှောင်းကျန့်လေးမှာရှေ့သွားလေးတွေကျိုးနေပြီးငယ်စဥ်ထဲကအမြင်အာရုံသိပ်မကောင်းတာမို့မျက်မှန်လေးတပ်ထားရသည်။မိသားစုကဆင်းရဲတာမို့နဲနဲတော့စုတ်စုတ်ပြတ်ပြတ်ကလေးရှိသည်။ဆံပင်လေးတွေကဖွာလန်ကျဲနေတာမို့ရုပ်ဆိုးဆိုးလေးဖြစ်နေတာ့သည်။ဒါကြောင့်သူ့ကိုကလေးတွေအားလုံးကရုပ်ဆိုးကောင်ဆိုပြီးအမြဲဝိုင်းစလေ့ရှိသည်။

ရပ်ကွက်ထဲကလူတွေကသူတို့သားမိနှစ်ယောက်ကိုသိပ်နှိမ်ချင်ကြတယ်...ဒါပေမယ့်ရှောင်းကျန့်လေးဟာရှောင်းမားရဲ့သွန်သင်ဆုံးမမှုတွေကြောင့်လိမ္မာယဥ်ကျေးတဲ့ကလေးဖြစ်လာတယ်...ဒီအရွယ်လေးနဲ့ကူညီချင်စိတ်လဲအပြည့်ရှိတယ်...စိတ်ထားလှတဲ့ဒီကလေးလေးကိုလူကြီးတွေတော်တော်များများကတော့ချစ်ကြသည်။

ရှောင်းကျန့်လေးမှာသူငယ်ချင်းဆိုလို့ဝမ်ရိပေါ်နဲ့ ရိဖန်းအာ တို့၂ယောက်သာရှိသည်။ဒါတောင်ရှောင်းကျန့်လေးကသူတို့နှစ်ယောက်ကိုအနစ်အနာခံပြီးပေါင်းတတ်သည်။ဝမ်ရိပေါ်နဲ့ဖန်းအာကလည်းသူနဲ့ရွယ်တူတွေဖြစ်ပြီး အရမ်းချမ်းသာကြသည်။ရပ်ကွက်ထဲကကလေးတွေဝိုင်းစကြရင်တော့ထိုနှစ်ယောက်ကသူ့ဘက်ကပါကာဝိုင်းရန်ဖြစ်ပေးတတ်သည်။

ခုလည်းသူ့မာမားခိုင်းလိုက်လို့အိမ်တစ်အိမ်ကို ပစ္စည်းလေးတွေသွားပို့ပြီးအပြန်လမ်းမှာ အခြားကလေးတွေဆော့နေတာကိုခနဝင်ကြည့်မိတာဖြစ်သည်။ဒါကိုအခြားကလေးများကရုပ်ဆိုးကောင်လို့ဝိုင်းခေါ်ကြတော့သည်။

My Ugly Boy [Completed]Where stories live. Discover now