Part 7(U+Z)

5.6K 524 30
                                    

~Unicode~

ရိပေါ် ဆေးပေးခန်းထဲကထွက်လာတော့ကျောင်းရဲ့စာကြည့်တိုက်ရှိရာ ဒုတိယမြောက်အထပ်ဆီသို့သွားတော့သည်။

စာကြည့်တိုက်ဘက်ကို သွားနေတုန်းလက်ဖဝါးမှာ စည်းထားတဲ့ ပတ်တီးလေးကို ကြည့်ကာပြုံးမိသည်။အနာကပ် ပလာစတာလောက်နဲ့တောင်အဆင်ပြေတဲ့ဟာကို ရှောင်းကျန့်ကပတ်တီးပါစည်းပေးလိုက်ခြင်းဖြစ်သည်။ပတ်တီးကိုလည်းဖဲပွင့်ပုံစံချည်ပေးလိုက်သေးသည်။

"ဟက်...တကယ့်ကို ကလေးဆန်လွန်းတယ်"

ရိပေါ်တစ်ယောက်ဒုတိယထပ်ရဲ့လေးခန်းမြောက်မှာရှိတဲ့စာကြည့်တိုက်ထဲသို့ခြေချလိုက်သည်နှင့်ဖန်းအာကိုရှာမိသည်။

တွေ့ပါပြီ...စာအုပ်တွေရှာနေတဲ့ဖန်းအာ...ဖန်းအာကကျောင်းရဲ့မိန်းမလှလေးး ကျောင်းဝတ်စုံလေးဖြစ်တဲ့အပေါ်ကအင်္ကျီအဖြူလက်ရှည်လေးနဲ့အောက်ကစကပ်အစိမ်းရောင်ကားကားလေးကိုဝတ်ထားတဲ့ဖန်းအာက အခြားမိန်းကလေးများထက်ကြည့်ကောင်းလို့နေသည်။

ဖြောင်းစင်းနေတဲ့ ဆံသားပျော့ပျော့လေးတွေက​ ဖန်းအာရဲ့အလှကိုအထောက်အပံ့ပေးနေသယောင်

သွယ်လျလှပပြီးအချိုးကျတဲ့ခန္ဓာကိုယ်လေးကိုလည်း ပိုင်ဆိုင်ထားတဲ့ဖန်းအာက အမျိုးသားတိုင်းကိုရင်ခုန်စေနိုင်လောက်တဲ့အထိဆွဲအားပြင်းသည်။

ဝမ်ရိပေါ်ဟာလည်းယောက်ျားထဲကယောက်ျားတစ်ယောက်မို့ ဖန်းအာကိုစိတ်ဝင်စားမိသည်။

"ရိပေါ်...."

သူ့ကိုတွေ့တော့ ဖန်းအာက လက်ကလေးကိုလေပေါ်မှာဝှေ့ယမ်းပြလာသည်။

ရိပေါ်လည်းဖန်းအာဆီသို့မြန်မြန်သွားလိုက်သည်။နှစ်ယောက်သားအတူယှဥ်ရပ်မိတော့ဖန်းအာကသူ့လက်မောင်းကိုလာချိတ်သည်။

"ရိပေါ်...ဖန်းကိုလေ ကမ္ဘာ့သမိုင်းနဲ့ပတ်သတ်တဲ့စာအုပ်လေးတွေရှာပေးပါနော်...နော်..နော်"

ရိပေါ် သူ့လက်မောင်းလေးကို ကိုင်ကာချွဲနွဲ့နေတဲ့ဖန်းအာ​ရဲ့ခေါင်းလေးကိုတစ်ချက်ပွတ်ပေးလိုက်သည်။

"ဟုတ်ပါပြီဗျ...ရှာပေးပါ့မယ်"

သူ့ခေါင်းလေးကိုပွတ်သပ်ပေးလာတဲ့ရိပေါ်ကြောင့်ဖန်းအာပျော်မိသည်။သူမအနေနဲ့ ရိပေါ်ကိုစိတ်ဝင်စားခဲ့တာ ငယ်စဥ်ထဲကပင်

My Ugly Boy [Completed]Where stories live. Discover now