"မစ္စတာရှီ၊ ဘာလို့ မကြည့်တာလဲ?"

ထုတ်ကုန်ဒီဇိုင်း ပေါ်လာတာနဲ့  ရှီယွင်နန် မျက်လုံးထဲမှာ အေးစက်စက် အကြည့်တစ်ချက်ကပေါ်သွားလေတယ်။

ဒါက သူ့ရဲ့ ဒီဇိုင်းဆိုပေမယ့် အတိအကျ တူနေတယ်လို့လဲ ပြောလို့မရပြန်ဘူး။

ရှီယွင်နန် အရင်ကတည်းက မေးထားဖူးတယ်။  လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း လုံကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်တွေဟာ အသားရည်ကို ရေဓာတ်ဖြည့် တင်းပေးတဲ့ အရောင်နှစ်မျိုးရှိတဲ့ ကူရှင်နဲ့ အရောင်ခြောက်ရောင်ရှိတဲ့ နှုတ်ခမ်းနီစီးရီးများသာဖြစ်တယ်။

သူတို့က ပန်းဝတ်ရည်ကနေ ထုတ်ယူသန့်စင်ထားတဲ့ ရိုးရာဖော်မြူလာကို သုံးထားပြီး ပိုအဆင့်မြင့်သွားအောင်လည်း ခေတ်သစ်ဖော်မြူလာများကို သုံးထားလေတယ်။ ထုတ်ကုန်တွေအားလုံးကို သက်ဆိုင်ရာ အာဏာပိုင်များက စမ်းသပ်စစ်ဆေးထားပြီး လူ့ခန္ဓာကိုယ်အတွက် ဘာအန္တရာယ်မှမရှိပေ။

အဲ့ဒါကြောင့် ရှီယွင်နန်ဟာ 'ပန်းပွင့်' အရောင်များဖြင့် ထုတ်ကုန်ဒီဇိုင်းကို ရေးဆွဲထားခဲ့တယ်။

ဥပမာအနေနဲ့ ပြောရရင်၊ နှုတ်ခမ်းနီရဲ့ ဒီဇိုင်းဆို—ဆလင်ဒါဘူးရဲ့ အပြင်ဒီဇိုင်းကိုပဲ ကြည့်လိုက်။ အဖုံးရဲ့ မျက်နှာပြင်ပေါ်မှာ ထူးခြားတဲ့ ပန်းပွင့်ပုံစံရုပ်ကြွလေးက ဖောင်းကြွနေပြီး ကျန်မျက်နှာပြင်တွေကိုတော့ ရွှေရောင်တွေနဲ့ ဒီဇိုင်းထုတ်ထားတယ်။

ပြီးတော့ ရုပ်ကြွနေတဲ့ ဝတ်ဆံဖိုတစ်ခုစီတိုင်းကိုလည်း ဥဿဖရားကျောက်ရိုင်းနဲ့ အရောင်လက်အောင်လုပ်ထားသေးတယ်။

ဒီထူးခြားတဲ့ ဒီဇိုင်းပုံစံ ရလာရခြင်းဟာ ရှီယွင်နန်ရဲ့ လက်ဝတ်ရတနာဒီဇိုင်းနယ်ပယ်မှာ ရလာခဲ့တဲ့  အတွေ့အကြုံတွေကြောင့်ဖြစ်၏။

ဥဿဖရားအတုရဲ့ အရောင်အဆင်းတောက်ပြောင်မှုဟာ လျော့မကျသွားပေမယ့် ကုန်ကျစရိတ်အားလုံးကတော့ သဘာဝလက်ဝတ်ရတနာများထက် အဆပေါင်းများစွာသက်သာလေတယ်။

(ဥဿဖရားကျောက်) များများ သုံးရတာက သာမာန် ဒီဇိုင်းထက် ကုန်ကျစရိတ်ပိုများနိုင်ပေမယ့် ရင်းနှီးမြှုပ်နှံတဲ့ ပိုက်ဆံကို ရတာနဲ့ လုံကုမ္ပဏီလဲ တတ်နိုင်မှာပဲ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now