ရူးလောက်အောင် စိတ်ပင်ပန်းနေတာက
တစ်ပိုင်းဆိုပေမယ့် ထောင်းကနဲ
စိတ်တိုသွားတာ တစ်ပိုင်းပါပဲ ။မညာတမ်းဝန်ခံရရင် ကိုယ့်ဘာသာစိတ်သက်သာရာရနိုင်ဖို့မသိစိတ်ကတမင်တကာကိုဒေါသထွက်ပြတာလည်းဖြစ်နိုင်ပါတယ်။

သူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်တယ်။ရုတ်တရက်မို့ထင်တယ်။သူဟာ အံ့ဩသွားသလားပဲ။

"အခုရော ကိုယ် ကမချောလို့လား၊ မခန့်ညားလို့လား၊ကိုယ်ဖြင့် စောစောက အဝတ်ထည့်ရင်း
မှန်ကြည့်မိတာ ကိုယ့်ကိုကိုယ်တောင်
မယုံနိုင်ဘူး။ ဘာမှမပြင်ဆင်ရသေး
တာတောင် ငါ
ဘာလို့ ဒီလောက်ချောနေရပါလိမ့်လို့တွေးနေတာ "

ရန်စွာပေးလိုက်တော့ သူကျွန်တော့်ကို
မျက်လုံးအပြူးသားနဲ့ငေးကြည့်နေတယ်။
နှုတ်ခမ်းလွှာအစုံဟာ လည်း
စိတ်လိုလက်ရတွန့်ကွေးသွားပါတယ်။

"အခုလည်း ချောပါတယ် ၊နောက်လည်း
ချောနေမှာပါပဲ၊ ညီက အချစ်မျက်နှာ‌လေး
ချောင်ကျသွားတာကို စိတ်မကောင်းဖြစ်လို့ပါ"

သူ့စကားကို မတုံ့ပြန်ဘဲ သူ့ရင်ခွင်ထဲ
နောက်တစ်ကြိမ်ထပ်ဝင်မိလိုက်တယ်။
ကျွန်တော့်ကို တင်းကြပ်နေအောင်
ပွေ့ထားပေးတဲ့ သူ့လက်တွေက နွေးနွေးထွေးထွေး။

ညီကသူ့အဲ့ဒီလက်ချောင်း​တွေရှည်လာအောင်
နောက်လက်တစ်ဖက်နဲ့ဆွဲဆွဲဆန့်နေတတ်တယ်။
အထက်တန်းတက်တဲ့တစ်လျောက်လုံးလည်း
လက်သန်းလေးကို ဆွဲဆန့်နေခဲ့တာဆိုပြီး
ထယ်ပြောပြလို့ သိခဲ့ရဖူးတယ်။

ငယ်ဘဝမှာကတည်းကကျွန်‌တော်နှစ်ယောက်ဟာ
ကျောင်းနေဖက်တွေ
ဖြစ်ခဲ့ရင်လည်းကောင်းသားနော်။

ခိုးခိုးငေးခွင့်လေးများရခဲ့ရင်ကို ကျွန်‌တော့အတွက် သိပ်ကံကောင်းနေပါပြီ။

အခုများတော့ ချစ်စရာ ပါးလုံးလုံးလေးတွေကို
ဘုရားသခင်ကပြန်သိမ်းသွားခဲ့ပြီ။

အဲ့ဒါတောင်သေလောက်
အောင်ဆွဲဆောင်မူ့ရှိနေတုန်းပဲ။

တိပသေသပ်တဲ့ပါးရိုးနဲ့မျက်နှာလှလှလေးကို အစားထိုးပေးလိုက်ပြန်တော့လည်း ခစားချင်စရာအတိပါပဲ။

Anchor in the heartWhere stories live. Discover now