Part-7

3.6K 305 29
                                    


"မင်းနာမည် အာရမ်ခရစ်လား"

အရှေ့က ရပ်နေသည့် အရပ်ထောင်ထောင်မောင်းမောင်းလူတစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည့်အခါ ထိုလူက သူ့ကို တစ်ချက်ကြည့်ပြီး ထွက်သွား၏။

"ဘာလဲဟ..."

ကင်မရာကြိုးကို လည်ပင်းတွင်စွတ်ပြီး ထိုလူအနောက်လိုက်လာ၏။ ခန္ဓာကိုယ်ကြီးသည့် ထိုလူက အနောက်တိုင်းဝတ်စုံနှင့် ခန့်ညားနေ၏။ အသားညိုညိုနှင့် ဆံပင်ဖဖွာဖွာလိပ်လိပ်ကြောင့် နက်နဲထူထဲသည့် မျက်ခုံးနှစ်ဖက်က ထင်းခနဲပေါ်လွင်နေ၏။ ပါးပြင်နှင့် လည်ပင်းတစ်ဝိုက်တွင်လည်း အမွှေးရင့်ရင့်များနှင့် ယှက်ဖြာနေသည်။ မသိလျှင် ထိုလူကို အိန္ဒိယမင်းသား Aditya Roy kapoorဟု ထင်မိလိမ့်မည်။ သို့သော်လည်း အန်ကယ်ကိုးလ်နှင့် သူဌေး ပြောပြထားလို့ အာရမ်ခရစ်က ကိုးလ်ရဲ့သားဖြစ်နေမှန်း သိထား၏။

"ဟေ့လူ! "

သူခေါ်နေသည့် အသံက ဒီလောက်စူးတာကို မကြားတာလား။ မကြားချင်ဟန်ဆောင်တာလားတော့မသိ။ ထိုလူအနောက်သို့ တကောက်ကောက်လိုက်ပြီး အတင်းလိုက်မေးနေ၏။

"မင်းက အာရမ်ခရစ်လားလို့"

"............"

"ငါက တခေတ်ပျိုး ကလေးတွေနဲ့ ဓာတ်ပုံတစ်ပုံရိုက်လို့ရတယ်မလား"

သူ့ရဲ့စကားကြောင့် ဘာမှပြန်မပြောဘဲ စံအိမ်ထဲသို့ ဝင်သွား၏။

"ဟ... ဘာကောင်လဲကွာ! "

ကင်မရာကိုင်လျက် မျက်မှောင်ကြုတ်လိုက်သည့်သူ့ကို ကြည့်ပြီး အခန်းထဲရောက်သွားသည့်လူက စားပွဲခုံပေါ်က ဆေးပန်းချီများ ယူလာပြီး ပြန်ထွက်လာ၏။

"မင်း ငါနဲ့ ခဏလိုက်ခဲ့"

ရုတ်တရက် ထိုလူ့လက်ကို လမ်းဆွဲပြီး ထင်းရှူးပင်ဖက်သို့ ဆွဲခေါ်သွား၏။

"ဒီမှာ မင်းက ငါ့ကို လူရှေ့သူရှေ့မှာ စကားမပြောချင်တာလား"

လူရှေ့သူရှေ့ဆိုတာ အခုက အစိမ်းရောင်တောထဲက သူဌေးသားကိုယ်တိုင် ဖွင့်ထားသည့် မိဘမဲ့ဂေဟာသို့ ရောက်နေခြင်းဖြစ်သည်။ ကလေးအရှေ့၌ အချေခံရသောကြောင့် တခေတ်ပျိုး ခံပြင်းလာ၏။

Blue Existence Where stories live. Discover now