"ဟုတ်ပါပြီးကွား ငါအိပ်ပြီး"

ကုတင်မှာနှစ်ယောက်အိပ်ကုတင်ဖြစ်တာကြောင့်
ကျယ်ကျယ်ဝန်းဝန်းရှိသည်။
ကုတင်ပေါ်ခြေပစ်လက်ပစ်ဖြင့်
အိပ်မည်လုပ်တုန်း....

တီ....တီ.....တီ......

ဖုန်းလာတာကြောင့် စိတ်ပေါက်ပေါက်ဖြင့်ပြန်ထလာပြီး ဖုန်းကိုင်လိုက်သည်။

"Hello..."

ဆော့ဂျင်ကတော့လေတစ်ချွန်ချွန်ဖြင့်
လိုအပ်သောပစ္စည်းများကိုစစ်နေသည်။
Hotelမှာအဆင့်မြင့်hotelမဟုတ်တာကြောင့်
အခန်းကျဥ်းကျဥ်းလေးဖြစ်ပြီး
ခြင်များကလည်းကိုက်သေးသည်။

"ဟာကွား....ဒီခြင်တွေကလည်းတစ်မှောင့်
သူတို့ကိုယ်သူတို့ ဂျူနီယာလေး ကင်မ်နမ်ဂျွန်မှတ်နေလားမသိဘူး"

ဆော့ဂျင်မှာ ဥပဒေပထမနှစ်က ဂျူနီယာလေး
ကင်မ်နမ်ဂျွန်ကိုအရှင်ရရအသေရရ
ကြိတ်crushနေသူဖြစ်သသည်။
နမ်ဂျွန်ဆိုသည့်ကောင်မှာတော့သူ့ကိုအဖက်ပင်မလုပ်ချေ။

ဒုတ်!

"ဟာကွား...ခြင်ကိုက်ရတဲ့ကြားထဲမင်းကဘာတွေဆူညံနေတာလည်းမျောက်ကောင်ရ"

"ငါ...ငါ..."

မျက်လုံးများနီရဲပြီးခြေမကိုင်မိ
လက်မကိုင်မိဖြစ်နေသောသူငယ်ချင်းကြောင့်
ဆော့ဂျင်အလန့်တကြားထရပ်လိုက်ပြီး
ထယ်ယောင်းနားကပ်သွားသည်။

"ထယ်ယောင်း အဆင်ပြေရဲ့လာ ဘာဖြစ်တာလည်ငါ့ကိုပြော"

"လေယာဥ်...ေလယာဥ်...
လေယာဥ်လက်မှတ်လိုတယ်ဆော့ဂျင်"

စကားများပင်ထစ်ပြီး
သူ့ကိုကြည့်ရတာစိတ်နဲ့ကိုယ်ပင်မကပ်တော့သည့်ပုံ။

"ငါဘန်ကောက်ကိုသွားမှရမယ် ခုသွားမှရမယ်ဆော့ဂျင်"

"ဘာဖြစ်မှန်းမသိပေမဲ့ စိတ်အေးအေးထားလေနော်"

"မရဘူး..မနက်ဖြန်ထွက်မဲ့လေယာဥ်ရှိလာ"

ဆော့ဂျင်လက်ချိုးရေလိုက်ပြီး
တစ်ခုခုအားအသဲအသန်တွေးနေဟန်ပင်။
ခဏကြာတော့မှ

"မနက်ဖြန် မနက်6နာရီ ဘန်ကောက်ခရီးစဥ်ကိုသွားမဲ့လေယာဥ်ရှိတယ်လို့ ပါချုပ်ပြောတာငါကြားလိုက်တယ်"

Loading..Where stories live. Discover now