ဒီကလေးတွေအနေအထိုင်ကိုက..ကျစ်..

"အဟမ်း..ငါ..ငါပြန်တော့မယ် ကောင်းကောင်းနေခဲ့ကြ"

အပြင်သို့အမြန်ပြေးထွက်သွားသောအကိုဖြစ်သူကိုကြည့်ပြီး
ယွန်ဂီအား ဂျောင်ကုတစ်ယောက်
ဘီယာဘူးဖြင့်ကောက်ပေါက်လိုက်သည်။
သကောင့်သားများအေးဆေးပင်ရှောင်လိုက်သည်။

"ဘယ်လိုထွက်လာတာလည်
ဟိုမှာကိုကိုရှက်သွားပြီး"

"ဒီလိုမထွက်လာလို့ ဘောတန်းလန်းနဲ့ထွက်လာရမလားငါက"

ခပ်တည်တည်ဖြင့်အခန်းထဲသို့ဝင်သွားသော
သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး
ဂျောင်ကုခေါင်းပင်အသာရမ်းလိုက်မိသည်။
Honeyမှာလည်း ကျောင်းလေ့လာရေးအဖွဲ့နှင့်ပါသွားတာသေချာသည်။

ဂျောင်ကုမှာလူရှုပ်တာကိုမနှစ်သက်တာကြောင့်ရော
ခရီးသွားရတာကိုလည်းမုန်းတာကြောင့်
လိုက်မသွားဖြစ်ခဲ့။
Honeyကိုမလိုက်စေချင်သော်လည်း
ချုပ်ချယ်သည်ဟုထင်မှာဆိုးတာကြောင့်
ဘာမှမပြောတာပင်။

လောလောဆယ်တော့ဂျောင်ကုလက်ထဲငွေရွှင်နေသည်။
Cardကိုကြည့်ပြီး သဘောတကျပြုံးလိုက်သည်။

"အား....ညောင်းလွန်းလို့သေတော့မှာပဲကွား"

လေယာဥ်အချိန်တော်တော်ကြာထိစီးလိုက်ရတာကြောင့်
အညောင်းအညာမိနေတာတော့အမှန်ပင်။
ဖုန်းကိုဖွင့်ကြည့်လိုက်တော့လည်းNotiတစ်ခုမှမတက်ပေ။

ေကျာင်းမှစီစဥ်ပေးထားသော
နှစ်ယောက်တစ်ခန်းHotelတွင်
ဆော့ဂျင်နှင့်အတူ ခရီးဆောင်အိတ်များအားနေရာချထားလိုက်သည်။

ရောက်လာသောအချိန်မှာ ညဘက်ကြီးဖြစ်တာ
ကြောင့် ပစ္စည်းများနေရာချရင်းနှင့်
ရေမိုးချိုးချိန်များကြောင့်
နာရီကြည့်လိုက်တော့မနက်သုံးနာရီပင်ထိုးသွားပြီဖြစ်သည်။

"အာ...ပင်ပန်လိုက်တာဆော့ဂျင်ရာ"

"ပင်ပန်းရင်အိပ်တော့လေ
ငါကမနက်ဖြန်ခရီးအတွက် ပြင်ဆင်စရာလေးရှိလို့
ဒီကနေသွားရင်Hilier lateကိုရောက်ဖို့
10မိုင်လောက်ထပ်သွားရမှာ
မင်းသိတဲ့အတိုင်းပဲငါက ကားမူးတတ်တယ်လေ"

Loading..Where stories live. Discover now