"ဘာလာလုပ်တာလည် ကိုကို"

"အထဲတော့ပေးဝင်ပါအုံးကွ"

ဂျီမင်မှာ တိုက်ခန်းထဲဝင်သွားပြီး
ဧည့်ခန်းတွင်ထိုင်မည်လုပ်တော့
ဆိုဖာပေါ်တွင်ခြေကားယားဖြင့်အိပ်နေသည့်ယွန်ဂီ။

အခန်းမှာတော့ထုံးစံအတိုင်းကြွက်သိုက်ပင်။
ယွန်ဂီမှာတော့ဆင်တက်နင်းတောင်နိုးမည့်ပုံမပေါ်။

"မင်းတို့အခန်းကလည်း ဘီယာနံ့မွှန်ထူနေတာပဲကွား
ဘယ်လိုများနေကြတာလည်"

"ယွန်ဂီလေး..ထထ နံစော်နေတာကိုရေမချိုးပဲနဲ့ ဘယ်လိုအိပ်နေတာလည်း ဒီကလေး"

ဂျီမင်မှာယွန်ဂီ၏လက်မောင်းကိုကိုင်ပြီး
လှုပ်နိုးနေသည်။
သကောင့်သားမှာ ချက်ချင်းထပြီး ရေချိုးခန်းထဲဝင်သွားသည်။
နှစ်ခါတောင်မပြောရ။

"မင်းကရော အဲ့ဒီတံခါးနားမှာပဲရပ်နေတော့မှာလာကုကီ"

"ကျွန်တော့်ကိုအိမ်မှာပြန်နေဖို့လာခေါ်တာဆိုရင်
ကိုကိုပြန်တော့"

မျက်နှာသေဖြင့်ပြောနေသောညီဖြစ်သူကြောင့်
ဂျီမင်မှာရယ်ချင်စိတ်ကိုထိန်းထားရသည်။
ဒီကလေးကိုလွယ်လွယ်ခေါ်လို့မရမှန်းသူသိပြီးသားပင်။
ဘာပဲဖြစ်ဖြစ်အချိန်တော့ယူရမှာပင်။

"မဟုတ်ပါဘူးကွား
ကိုကိုကမင်းအတွက်မုန့်ဖိုးလာပေးတာပါ
မေမေကပေးခိုင်းလိုက်လို့"

မုန့်ဖိုးဆိုသောစကားကြောင့်
ညီဖြစ်သူ၏မျက်လုံးများမှာလက်ခနဲပင်။
သူ့ညီဖြစ်သူ သုံးစရိတ်ပြတ်နေတာကိုသိပြီးသားပင်။
ထို့ကြောင့် cardတစ်ခုအားကမ်းပေးတော့
သကောင့်သားက ချက်ချင်းဆွဲယူသည်။
ဂျောင်ကုသာဆေးစွဲနေမှန်းသိရင်
ဂျီမင်ထိုငွေများကိုပေးနိုင်ပါအုံးမလား။

ခဏကြာတော့ယွန်ဂီမှာအောက်ပိုင်းကို
တဘက်တစ်ထည်ပတ်ထားပြီး
ရေစိုနေသောဆံပင်များဖြင့်ပြန်ထွက်လာသည်။
အသားဖြူသောကြောင့်
ဗိုက်တွင် six packများကထင်းနေသည်။

ဂျီမင်မှာရုတ်တရက်လှည့်ကြည့်လိုက်မိတော့
အာခေါင်များမှာခြောက်ကပ်သွားပြီး
ခေါင်းအသာဟန့်လိုက်သည်။

Loading..Where stories live. Discover now