" ရတယ် Tae...ပြီးရင် ငါ့ကို ပြန်လိုက်ပို့မယ်မလား "

" ဒါပေါ့ ဒီနေ့ ကိုယ့်ရှုတင် စောပြီးမှာ "

" အင်း ဒါဆို ငါသွားတော့မယ် "

" အဆင်မပြေတာရှိရင် ကိုယ့်ကို ချက်ချင်းပြောနော် "

" အင်းပါ စိတ်ချ "

PD လေးနဲ့ပတ်သက်လာရင် လွန်လွန်ကဲကဲဖြစ်တတ်သောကျနော်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ‌ကျနော်နဲ့ပတ်သက်လာရင် မဝံ့ရဲသော PD လေးက ခြေတစ်လှမ်း တိုးလာပေးခြင်းဖြင့် ကျနော်တို့ နှစ်ယောက်စလုံး တစ်လမ်းထဲမှာ အတူတူယှဉ်တွဲလျှောက်နိုင်ဖို့အတွက် ကြိုးစားနေကြသည်။ ဒီတစ်ခါမှာတော့ ကျနော်တို့နှစ်ယောက်ရဲ့ ခြေလှမ်းတွေက ကျနော်မျှော်လင့်တောင့်တသလို ဖြစ်လာနိုင်မည်ဟု ယုံကြည်ထားပါသည်။

" Taehyung အဆင်သင့်ဖြစ်ပြီလား "

" အင်း ရယ်ဒီပါပဲ ဒါရိုက်တာကြီး "

" ဒါဆို အားလုံးပဲ စကြမယ် "

ဒါရိုက်တာကြီးရဲ့ အေးစက်စက် စေခိုင်းမှုအောက်တွင် အဖွဲ့သားများအားလုံးက အပြေးအလွှားနေရာယူလိုက်ကြသည်။ နောက်ပိုင်းရက်တွေထဲ တစ်ခုခုဆို စိတ်ဆိုးလွယ်နေသော ဒါရိုက်တာကြီးကြောင့် သူ့အဖွဲ့သားတွေက အမှားအယွင်း မရှိရလေအောင် သတိဖြင့်လှုပ်ရှားနေကြရပါသည်။ အရင်းနှီးဆုံး မင်းသားသည်ပင် အရင်ကလို မဟုတ်သည့် ဒါရိုက်တာကြီးရဲ့ အရိပ်အကဲကို သတိထားနေရသည်။

" Cut ! ပြန်ရိုက်မယ် အနောက်က သစ်ရွက်ခြောက်ကြွေလာတာကို ဖယ်လိုက်ပါ "

" မင်းသား လမ်းလျှောက်တဲ့အခါ အခုထက် မာန်ပိုထည့်ပြီးလျှောက်ပါ "

" ရပြီ cut "

" နောက်တစ်ခန်းအတွက် မင်းသားရဲ့ ဆံပင်ကို ရေစိုနေအောင်လုပ်ပေးဖို့လိုတယ် အင်္ကျီလဲစရာတော့မလိုသေးဘူး lighting အဖွဲ့က ဒါပြီးရင် မီးပြောင်းရမယ် ... "

ဒါရိုက်တာကြီးရဲ့ တစ်ခုပြီး တစ်ခုသော ညွှန်ကြားချက်တွေဖြင့် နေလုံးကြီးက အနောက်ဘက်အရပ်ဆီသို့ တရွေ့ရွေ့ရောက်ရှိသွားခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Aug 09, 2022 ⏰

Add this story to your Library to get notified about new parts!

I hate that ' I love you 'Where stories live. Discover now