Part : 27 💘

371 56 17
                                        

အလွတ်ရနေပြီးသားအခန်းထဲသို့ မီးအလင်းရောင်မရှိသည့်တိုင် ခပ်ဖွဖွခြေလှမ်းတို့ဖြင့် ကျွမ်းကျင်စွာဝင်ရောက်လာခဲ့သည်။

အေးစိမ့်နေအောင်ဖွင့်ထားမည့်သူမရှိသော လေအေးပေးစက်က အခန်းထဲမှာ ငြိမ်သက်တိတ်ဆိတ်လျက်ရှိ‌နေသည်။ သို့သော် အခန်းထဲက လေထုကတော့ အထီးကျန်ဆန်မှုကြောင့် အေးစက်လို့နေပါသည်။

ကျဉ်းကြပ်လွန်းသော အင်္ကျီအဝတ်အစားတွေကို ချွတ်ပစ်ချင်စိတ်မရှိတာ‌ကြောင့် အိပ်ရာပေါ်သို့ ဒီအတိုင်း လှဲချပစ်လိုက်မိသည်။ တိုးဝင်စရာ သက်တောင့်သက်သာဖြစ်စေသော စောင်ပုံလေးမရှိနေပါ။ ဖိကပ်နမ်းရှိုက်စရာ လည်ကုပ်သားလေး မရှိတော့ပါ။ ပင်ပန်းမှုကို ဖြေဖျောက်စရာ ဆံစလေးတွေမရှိတော့ပါ။ အတင်းမှိတ်လို့ထားသော မျက်ဝန်းအစုံမှ မျက်ရည်စတစ်ချို့က ယိုစိမ့်ထွက်လာကြသည်။

" Min Yoongi က လူလိမ်ပဲ "

ဆက်သွယ်လို့မရတော့တဲ့ ဖုန်းနံပါတ်လေးတစ်ခုကို ပြန်ဖွင့်ကြည့်ပြီး ထုံစံအတိုင်း ထိုစကားကို ရေရွတ်လိုက်သည်။ အဲ့ဒီဖုန်းနံပါတ်လေးက နောက်ဆုံးပို့ထားတဲ့ စာတိုလေးမှာ " ပြန်လာနေတယ် " တဲ့။

တစ်နှစ်ကြာခဲ့ပြီ။
ခင်ဗျားကျနော့်ဆီပြန်ရောက်မလာသေးတာ တစ်နှစ်ကြာခဲ့ပြီ။
မိုးတဖြောက်ဖြောက် ရာသီမှာ ခင်ဗျားကို ကျနော့်ရင်ခွင်ထဲ ဖက်ထားခွင့်မရှိတော့တာ တစ်နှစ်ပြည့်သွားခဲ့ပြီ။

အရာရာဟာနောက်ဆုံးပဲတဲ့။
ခင်ဗျားရဲ့နှုတ်ခမ်းလေးကို မွတ်မွတ်သိပ်သိပ် နမ်းခဲ့ရတာ..
ခင်ဗျားရဲ့ လက်ဖဝါးနုနုလေးကို ကျနော့်လက်ချောင်းရှည်တွေကြားထဲ ဖွက်သိမ်းထားခဲ့တာ..
ကျနော့်ဆံပင်ရေစိုတွေကို ခင်ဗျားလက်နဲ့ကိုယ်တိုင် အ‌ခြောက်ခံပေးခဲ့တာ..
ကျနော့်အတွက် ဟင်း‌တွေချက်ကျွေးခဲ့တာ..
နည်းနည်းလောက်ခွဲနေရပြီးတိုင်း အများကြီးပိုပြီး အချစ်သည်းခဲ့ကြတာ..
အဲ့ဒါ‌တွေအားလုံးက ကျနော့်ဘဝထဲမှာထပ်မရှိတော့ဘူးတဲ့။

ပြင်ဆင်ဖို့အချိန်လေးတောင်မ‌ပေးပါဘဲ သတိပေးချက် တစ်စွန်းတစ်စ‌လေးတောင် မရှိပါဘဲ ခင်ဗျားလက်လွတ်စပယ်ပဲ ပစ်ချသွားရက်တယ်။

I hate that ' I love you 'Donde viven las historias. Descúbrelo ahora