Part : 21 💘

360 42 10
                                        

" အမေဆုံးပြီ "

ဖုန်းကတစ်ဆင့် ဆက်သွယ်မှုစကားတစ်ခွန်းကြောင့် ပြေးထွက်လာသူနှစ်ယောက်ရှိသည်။ တစ်ယောက်က ဟန်နီးမွန်းမမည်သော ဟန်နီးမွန်းခရီးစဉ်တစ်ခုကို သွားရတော့မယ့်သူ။ တစ်ယောက်က ပျက်ကွက်လို့မရတဲ့ အလုပ်ကိစ္စတစ်ခုကို ရောက်နေတဲ့သူ။

သူတို့သိ‌နေလို့ပါ။ ဖုန်းကိုင်ထားတဲ့ကောင်လေးရဲ့ မျက်လုံးလှလှလေးမှာ အားငယ်မှုတွေဘယ်လောက်တောင် ခိုအောင်းနေမလဲဆိုတာကို သူတို့ကောင်းကောင်းသိနေလို့ပါ။

" Jungkook "

" Hyung "

" အမေဘယ်မှာလဲ "

" ခေါ်သွားကြပြီ "

" ဒီမှာ ခဏထိုင်နေနော်... Hyung စီစဉ်ပေးမယ် "

အပြေးတစ်ပိုင်းလာခဲ့သော Min PD က သူ့လက်ထဲကဖိုင်တွဲကို အနီးနားကထိုင်ခုံတစ်ခုံပေါ်သို့ ပစ်တင်လိုက်သည်။ ဖြစ်သလိုပစ်ချခံလိုက်ရတဲ့ ညပေါင်းများစွာ ဖန်တီးထားမှုလေးမှာ ဘာကိုမှ စောဒကတတ်ခွင့်မရှိပါ။

PD လေး ဒီနေ့ တွေ့ရမယ့် အလုပ်ကိစ္စက သိပ်အရေးကြီးသည်။ သူ့လို ဝါရင့် Producer တစ်ယောက်အ‌နေနဲ့တောင်မှ ဒီအလုပ်ကိုရဖို့ တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်ရဦးမည်။ ဒီ့အတွက်လည်း သူ အများကြီးကြိုးစားထားသည်။

ဒါပေမဲ့လည်း သူ လဲနိုင်ပါသည်။

အမည်းရောင်ဇာပန၀တ်စုံလေးကို၀တ်ပြီး အံကိုတင်းတင်းကြိတ်ထားဦးမည့် ကောင်လေးကို အရင်ကလို အဝေးတစ်နေရာကနေပဲ ချောင်းမကြည့်ချင်တော့ပါ။ ဘေးမှာရှိနေပေးပြီး နှစ်သိမ့်ပေးချင်သည်။ မျက်ရည်တွေရစ်ဝိုင်းလာတိုင်း မျက်တောင်ရှည်တွေကို ခပ်သွက်သွက်ပုတ်ချပစ်ဦးမယ့် ကောင်လေးကို စိတ်ချလက်ချငိုလို့ရပါတယ်လို့ သူ ပြောပေးချင်ပါသည်။

" အတူတူ စီစဉ်ရအောင် Hyung "

Jungkook က တည်တည်ငြိမ်ငြိမ်နဲ့ ပြောသည်။ PD လေးက Jungkook ရဲ့ရှေ့ကနေ လူကြီးတစ်ယောက်လို ဦးဆောင်ပေးချင်ပေမဲ့ တကယ်တမ်းတော့ ဘယ်ကစလုပ်‌ပေးရမှန်းတောင် သူမသိပါ။

ဆေးရုံရဲ့ ခန်းမနေရာတစ်ခုသို့ Jungkook ကပင် ဦးဆောင်ခေါ်သွားသည်။ လုပ်ရမယ့်ဓလေ့ထုံးစံတွေ၊ ရွေးချယ်ရမယ့် ပစ္စည်းအသုံးအဆောင်တွေကို Jungkook ကပဲ ဈာပနစီစဉ်သူနဲ့ သေသေချာချာ ဆွေးနွေးသည်။ လူကြီးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်လွန်းတဲ့ Jungkook ကို PD လေးမှာ တအံ့တဩငေးရပြန်ပါသည်။

I hate that ' I love you 'Where stories live. Discover now