"အခမ်း
ကလေးလေး
ဒီမှာ အခမ်းသဘောကျတဲ့ စားစရာတွေချည်းပဲ ပူနေတုန်းလေးမြန်မြန်စားလိုက်"

"သောက်စရာကရော"

"ဟမ်"

"သောက်စရာကရောလို့ !!!မေ့လာပြန်ပြီမို့လား ဟမ်ဟမ်။ အမြဲဒီလိုချည်းပဲ။ဒါကြောင့်မို့ ကိုယ်တိုင်သွားမှာချင်ပါတယ်လို့ပြောလည်းမရဘူး။သိုင်းစုတ်သိုင်းနာကောင်ကြီးရဲ့ "

"မှာထားပြီးပြီ နှစ်ယောက်လုံးအတွက်Grapefruit juiceပဲ။အဆင်ပြေကြတယ်မို့လား "

မှာထားတဲ့စားစရာတွေကို စားပွဲပေါ်ချရင်းပြောလာတဲ့Kira။

"Grape fruitကြိုက်တာက မြူရှင်းလေ။ဘာလို့ မမေးမမြန်းနဲ့ အခမ်းအတွက်ပါ ဝယ်လာရတာလဲ ခွေးကောင်ရ"

မကျေမနပ်ရေရွတ်နေတဲ့ သိုင်းကောင်ကို Kiraမျက်လုံးတစ်ချက်လှန်ကြည့်လိုက်ပြီး

"မင်းမှာတဲ့ထဲ သောက်စရာတောင်တစ်ခုပါမနေတာကို ဝယ်လာပေးတဲ့ငါ့ကို အပြစ်တင်နေတာလား။ဒါဆို ဒီဟာကိုငါယူမယ်။ဟိုနေရာမှာတန်းစီစောင့်ပြီး အသစ်တစ်ခုသွားယူလိုက်တော့"

"Owe...တော်ပြီတော်ပြီ ထပ်မယူနဲ့တော့ မစောင့်နိုင်ပါဘူး။ဒါပဲသောက်လို့ရပါတယ်။ဘာမှမသောက်ရတာထက်စာရင် ဒါကအများကြီးပိုကောင်းတယ်။ဟုတ်တယ်မို့လား သိုင်း ဘုန်း ရှိန် ခန့်"

နောက်ဆုံးစကားလုံးလေးလုံးကို အံကြိတ်သံကြီးနဲ့ နာနာဖိပြောလိုက်တဲ့ ကလေးလေးကိုကြည့်ပြီး သိုင်းဘုန်းကျောပင်စိမ့်သွားသလို။

'ခံလိုက်စမ်း သိုင်းဘုန်း။နမော်မဲ့နမာမဲ့ မေ့တတ်လိုက်စမ်း'

"ကြက်ဥလိပ်ကြိုက်တယ်မို့လား မုန်မုန်လေး...
ကိုယ့်ထဲမှာ အများကြီးပိုနေတယ်"

"အွန်း...ဒီနေ့ ဒီဟာကြီးမစားချင်ဘူး။Kiraပဲယူလိုက်တော့"

သိုင်းဘုန်းသွေးအန်ချင်စိတ်ပင်ပေါက်သွားရသည်။အဲ့လိုမျိုး တစ်ယောက်ဟင်းတစ်ယောက်ထည့်ပေးနေမယ့်အစား ပန်းကန်လဲစားလိုက်ကြပါတော့လား...ဘာလို့လဲ ဘာလို့လဲ။တွေးနေရင်းနဲ့  မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ခမ်းညားရဲ့ ပန်းကန်ထဲက ခါကြက်ဥလေးတွေယူစားမိတော့

CLOVER Where stories live. Discover now