"ဟုတ်
"မေမေမရှိတော့ရင်လဲ လိမ္မာမာမာနေရမယ်နော် သူများတွေပေါ်မဆိုးရဘူး ကြားလားသား
"မေမေကဘယ်သွားမို့လဲ
"မေမေက မင်းဖေဖေဆီအလည်သွားဖို့
"တကယ်လား ပြန်လာရင်ဖေဖေကိုပါခေါ်ခဲ့နော် သားရလွမ်းနေတာရို့
" မေမေပြောလိုက်မယ်နော်
ဒေါ်မြင့်သားလေးရဲ့ နဖူးနဲ့ပါးလေးကိုနမ်းလိုက်ပြီဖက်ထားလိုက်တယ် 5နှစ်သားအရွယ်ဘဲရှိသေးတဲ့သားလေးကိုတစ်ယောက်ထဲထားပြီးထွက်သွားရမှာတကယ်စိတ်မချဘူးသားလေရယ် ဒေါ်မြင့်သားလေးကို နှင်းသွေးတို့အိမ်သွားခိုင်းလိုက်ပြီး
ကုတင်ပေါ်မှာ အိပ်စက်လိုက်သည် အရမ်းပင်ပန်းနေပြီမလို့ အရာအာလုံးကိုလွတ်ချလိုက်ပြီး မောင်ကြီးရေ ရှင့်ဆီကိုကျွန်မလာခဲ့မယ်နော်
___&&______&&&___&&&
"တီသွေး သားရာတယ်
လွယ်အိပ်ကလေး လက်ကကိုင်ပြီဝိုင်းထဲဝင်လာတဲ့ ဖိုးသား စာလာလုပ်တာနေမှာ
" လာပါအုံး တီသွေးနမ်းချင်လို့
"ရေချိူးရသေးဝူး
" ရေချိူးသေးလဲနမ်းမှာဘဲကွာ
နင်းသွေးဖိုးသားလေရဲ့ပါးဖောင်းဖောင်းလေးကို မွေးကြူလိုက်ပြီး
"ဒီခုံပေါ်မှာစာရေးနေနော် တီသွေးဟင်းချက်လိုက်အုံးမယ်
"ဟုတ်
" တီနှင်းပေးလိုက်တဲ့ တုံးတုံးတွေ မေမေကိုသေချာကျွေးလိုက်လား
"မေကတုံးတုံး ကြိုက်ဘူးတဲ့ ရိုးဘဲကြိုက်တာသားဘဲတုံးတုံးစားလတ်တာ
နှင်းသွေး ဖိုးသားလေးရဲ့ခေါင်းကိုပွတ်ပေးလိုက်ပြီး မီးဖိုချောင်ဘက်ကိုထွက်လာခဲ့လိုက်တယ်
ဒေါ်မြင့်ပြောသလို နှင်းသွေးရဲ့အမေကလဲ နှင်းသွေးတို့ကိုအဲ့လိုပြောခဲ့တာ ဘယ်လောက်ဘဲဟင်းကောင်းချက်ချက် သားသမီးတွေမစားတဲ့ အရိုးတွေအဆီတွေကိုသာစားတယ် ဘာလို့အမေ အတုံးတွေတည့်မစားတာလဲမေးရင် အမေအတုံးမကြိုက်ဘူး ဒီလိုအရိုးလေး အဆီလေးမှစာကောင်းတာလို့ အမြဲပြောတော့ နှင်းရဲ့အမေကိုသတိရမိသည်
အပိုင်း(12)
Start from the beginning