အဲ့တာနဲ့ပဲ ရောက်လက်စနဲ့ မျက်နှာလေးကြည့်ပြီးမှပြန်ချင်တဲ့မြူရှင်းတစ်ယောက် ကျောင်းဆောင်ထဲကနေ အပြင်ကိုထွက်လာပြီး ကျောင်းပေါက်ဝကိုမြင်ရမယ့်တစ်နေရာကနေ မေးလေးထောက်ပြီး မပျင်းမရိထိုင်စောင့်နေလေသည်။

၁၅မိနစ်လောက် အချိန်တွေကုန်သွားပြီးနောက် ကျောင်းပေါက်နဲ့မလှမ်းမကမ်းမှာ ကားနက်ကြီးတစ်ကြီး ထိုးရပ်လာတော့၏။

မြူရှင်းရဲ့အကြည့်တွေအဲ့ဒီနေရာကိုရောက်သွားပြီးနောက် ချထားတဲ့ကားမှန်ထဲမှ မြင်နေရတဲ့Kiraရဲ့ချောမောတဲ့မျက်နှာ....အဝေးကမြင်ရတာတောင် ခန့်ညားမှုတွေအထင်းသားနဲ့Kiraရဲ့မျက်နှာက တစ်ခုခုကိုအလိုမကျနေသလို မျက်ခုံးတွေက တွန့်ချိုးနေပြီး နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ထားသည်။

Kiraကိုပဲအာရုံစိုက်နေမိတာကြောင့် Kiraဘေးမှာထိုင်နေတဲ့ သူ့ရဲ့အမေကို အခုမှပဲမြူရှင်းသတိထားမိတော့သည်။Kiraကိုကြည့်ပြီး တစ်ခုခုကို တင်းတင်းကြပ်ကြပ်မှာကြားနေသလိုမျက်နှာထားက Kiraအတွက်မဆိုနှင့်။ဘေးမှကြည့်နေသညိ့ မြူရှင်းကိုပင်မွန်းကြပ်စေသည်။

*မျက်ခုံးတွေတွန့်ချိုးနေတာ ဒါကြောင့်ကိုး...

မြူရှင်းတွေးနေတုန်းရှိသေး ကားပေါ်ကနေ ရုတ်တရက်ဆင်းလာတဲ့Kira....

ကျောင်းကသတ်မှတ်ပြီး ထုတ်ထားတဲ့Uniformက Kiraရဲ့ ခြေတံရှည်တွေကြောင့် ဘောင်းဘီအနားက ခြေချင်းဝတ်အထက်ကိုရောက်နေပေမယ့်လည်း အဲ့ပုံစံကိုက အများနဲ့မတူပဲ Kiraကိုပိုပြီး ဆွဲဆောင်မှုရှိစေ၏။

ခြေချင်းဝတ်ဖွေးဖွေးလေးကို မြင်ခွင့်ရနေတာကြောင့် အနည်းငယ်ဆိုရုံမျှ သေးနေတဲ့uniformကိုပဲ မြူရှင်းထိုင်ရှိခိုးချင်စိတ်ပေါက်တော့သည်။

ဘောင်းဘီအိတ်ကပ်ထဲကို လက်တစ်ဖက်ထည့်ထားကာ ကျန်တဲ့တစ်ဖက်က အိတ်ကိုဆွဲကိုင်လာပြီး ဘာမထီတဲ့မျက်နှာထားနဲ့  ဖြည်းဖြည်းချင်းလျှောက်လာတဲ့Kiraရဲ့ အရှိန်အဝါတွေက ရူးလောက်သည်။

*အသေးစိတ်ကအစ ငါ့ကိုပြုစားနေတာပဲ...

တစ်ယောက်တည်းFalling in loveနေတဲ့ မြူရှင်းရဲ့အသိတွေက ကျောင်းတက်ခေါင်းလောင်းထိုးမှပဲ အသိပြန်ဝင်တော့၏။အခန်းရှိရာဆီ ဒုန်းဆိုင်းပြေးရင်း ခေါင်းထဲဝင်လာတဲ့အသိက...

CLOVER Where stories live. Discover now