Part-8(final)

889 89 18
                                    

လေနုကအေးအေး
အကြင်နာကနွေးနွေး
နှလုံးသားတွေဟာ
ဝေးဝေးမသွားနိုင်ဘဲ
အတူတကွ နူးညံ့စွာပေါင်းစည်းမိကြတယ်။

_____________________________

နဖူးပေါ်ရိုက်ခတ်နေတဲ့ ဝင်သက်ထွက်သက်နွေးနွေးလေးရဲ့ အထိအတွေ့နဲ့အတူ ဂျီမင်းရဲ့မျက်လုံးတို့ပွင့်လာရသည်။ ညတုန်းကသူ့ရင်ခွင်ထဲမှာ ကလေးလေးလိုတိုးဝင်ရင်း အိပ်ပျော်သွားတဲ့ ကောင်လေးက မနက်ရောက်တော့ သူ့ကိုရင်ခွင်ထဲထည့်လို့ ပျောက်သွားမည်စိုးသည့်အလား တင်းနေအောင်ဖက်ထားသေးသည်။

မော့ကြည့်မိတော့ မသိမသာစူထွက်နေတဲ့ နှုတ်ခမ်းပါးလေးရယ် နှာခေါင်းထိပ်ကမှည့်သေးသေးလေးရယ် မှိတ်ချထားတဲ့မျက်ခွံအောက်က မျက်တောင်ရှည်တွေရယ်ကို အသည်းယားစွာတွေ့လိုက်ရသည်။ သေချာစူးစိုက်ကြည့်မိ‌တော့ မျက်ခွံလေးမှာ အနည်းငယ်ခပ်လှုပ်လှုပ်ဖြစ်နေသည်။

ဂျီမင်းစိတ်ထဲက ကြိတ်ရယ်လိုက်ပြီး ကိုယ်ကိုကြွကာ နှာခေါင်းထိပ်လေးကို ခပ်ဖွဖွကိုက်လိုက်တော့ လှစ်ခနဲကော့တက်သွားတဲ့ နှုတ်ခမ်းပါးလေးများ။အိပ်ချင်ယောင်ဆောင်နေတဲ့ ကောင်လေးကို စချင်တာကြောင့် လည်ပင်းနားကိုနှာခေါင်းနဲ့ တိုးဝှေ့မိ‌တော့ အသံထွက်အောင် ရယ်ရင်း လူကိုအပေါ်ကအုပ်မိုးလာသည်။

" အာ ဂျီမင်းဟျောင်း ဒီလိုတွေမကြာခဏလုပ်နေရင် အန္တရာယ်များမယ်ထင်တယ် "

အိပ်ရာကနိုးကာစ အသံအက်ရှရှလေးနဲ့ ပြောလာတဲ့သူကို ဂျီမင်း ချစ်မဝတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ကာ ပါးလေးကိုအသာပွတ်ပေးရင်း ပြောလိုက်သည်။

" မကြောက်လို့လုပ်တာ ဘာဖြစ်လဲ "

" ဟျောင်းနဲ့စတွေ့တုန်းက ကျွန်တော့်စိတ်ထဲတေးထားတာ တစ်ခုရှိတယ် "

" ဘာကိုလဲ "

" နို့နဲ့ပေါင်မုန့်စားနေတဲ့ ကျွန်တော့်ကို မူကြိုကလေးလို စိုက်ကြည့်နေကတည်းက တစ်နေ့နေ့တော့ ဒီဟျောင်းကို ကလေးမဟုတ်တော့တဲ့အကြောင်း သေချာပြောပြရမယ်လို့ ဘယ်လိုလဲ အခုပဲဖြစ်ဖြစ် နားထောင်ချင်လား သက်သေရောပြပေးရဦးမလား "

PurpleWhere stories live. Discover now