“တောက်…. ဟဲ့ ….. အို”

အသံလည်းပေး တံပြာနှင့်လည်း အတို့ခံရသောအခါ နွားနှစ်ကောင်က ခပ်သွက်သွက် ပြေးတော့သည်။ မရင်မေက လှည်းရှောင်ရန် ဘေးသို့ကပ်ရင်း….

“အယ်… ငါက ဘယ်သူများလဲလို့….”

“လာလေ အစ်မ… တက်…”

“အေး… အေး…”

တက်လူက လှည်းရပ်ပေးလိုက်သည်။

“ခေါင်းပေါ်ကတောင်း … ဒီကိုပေးလိုက်လေ…”

“ရတယ်… နောက်ကပဲ တင်လိုက်မယ်…”

မရင်မေက သူ့ခေါင်းပေါ်ကတောင်းကို လှည်းနောက်မြီးမှာ တင်လိုက်၏။ ခေါင်းမီးစုတ်နှင့် မျက်နှာလည်ပင်းတဝိုက်ကို သုတ်သည်။ ရံတိုင်ကို လက်တစ်ဖက်နှင့်ကိုင်ကာ လှည်းနောက်မြီးကို ခြေတစ်ချောင်းတင်မည်ပြုစဉ် နွားတွေက လန့်ပြီး ဝုန်းခနဲ ပြေးထွက်သွားသည်။ မရင်မေတစ်ယောက် မှောက်ရက်လဲ၍ ကျကျန်ခဲ့သည်။

“အမလေးဟဲ့… ငါ့ စောက်ဖုတ်…”

မရင်မေနှုတ်က ယောင်လိုက်သော အသံကို တက်လူ ကြားလိုက်သည်။ ကြိုးကို ခပ်တင်းတင်း ဆောင့်ဆွဲကာ လှည်းကို တန့်လိုက်သည်။ ရံတိုင်ကို ကမန်းကတမ်းချည်ပြီး လှည်းပေါ်မှ ခုန်ဆင်းကာ လဲကျနေသော မရင်မေဆီသို့ အပြေးရောက်သွားသည်။

မရင်မေတစ်ယောက် ဒူးတုပ်အနေအထားဖြင့် မှောက်ရက်ကြီး ပုံလဲနေ၏။ သူ့မျက်နှာက မချိုမချဉ် ပြုံးစိစိကြီး ဖြစ်နေသည်။ တက်လူက မရင်မေဘေးတွင် ဒူးထောက်လိုက်ပြီး ချိုင်းအောက်လက်လျှိုလျက် ပွေ့ထူလိုက်သည်။

တက်လူပွေ့လိုက်စဉ်က သတိမထားမိသော်လည်း မရင်မေ ကိုယ်လုံးမတ်လာသည့်အခါ သူ့လက်က နို့အုံကြီး တည့်တည့်ပေါ် ဖက်ပွေ့မိလျက်သား ဖြစ်နေသည်ကို သတိထားမိသည်။

“တော်တော်နာသွားလား မမ…”

အိစက်တင်းမို့သော နို့အုံပေါ်က သူ့လက်ကို မဖယ်သေးဘဲ မေးလိုက်၏။

“အင်း… ဒူးခေါင်းနဲ့ မေးစိ နည်းနည်း နာသွားတယ်…”

“မှန်း… မော့စမ်းပါ…”

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now