“ဒါဆိုသား သူ့ကိုသင်ပေးလို့ရလား”

“ဟားဟား..သားကအစ်ကို့ကိုသဘောကျတဲ့ပုံပဲ ပါပါးဝမ်းသာတယ်”

ရှင်းခန့်ကခပ်ညစ်ညစ်ပြုံးကာလရိပ်အခန်းဆီသို့တတ်သွားလေ၏။

'ဒုန်း ဒုန်း ဒုန်း'

အခန်းတံခါးဆက်တိုက်ထုနေတာကြောင့်လရိပ်ထွက်လာလေ၏။လရိပ်ကညဝတ်အင်္ကျီမိုးပြာရောင်ဝမ်းဆက်လေးဝတ်ထားပြီးအသားကဖြူလွန်းလို့ရဲပင်ရဲနေသည်။ဒါကိုရှင်းခန့်က‌ခေါင်းစခြေဆုံးတစ်ချက်ကြည့်ပြီးအခန်းထဲသို့ပိုင်စိုးပိုင်နင်းဝင်သွားလေ၏။

“ရှင်းခန့်မင်းဘာလုပ်မလို့လဲ”

“ဒါငါ့အိမ် ငါဝင်ချင်တဲ့နေရာဝင်မယ်ထွက်ချင်တဲ့နေရာထွက်မယ်”

“မင်းရောအိမ်စာတွေဘာတွေမရှိဘူးလားရှင်းခန့်”

“သူငယ်တန်းစာလေးကိုငါကဘာလို့အချိန်တွေအများကြီးပေးပြီးလုပ်နေရမှာလဲ။မင်းကသာမင်းအသက်အရွယ်နဲ့၃တန်းစာလေးကိုတက္ကသိုလ်စာလိုဟန်လုပ်နေတာ”

တော်သေးတာပေါ့သူ့ကိုယ်သူ သူငယ်တန်းမှန်းသိသေးတာပဲ။ပြောသမျှစကားတွေကလုံးဝကို ၅နှစ်သားနဲ့မတူတာ။

လရိပ်စာလုပ်နေတာကိုအမျိုးမျိုးစကားနာထိုးရင်းနှင့်ခုံပေါ်မှာပင်အိပ်ပျော်သွားခဲ့သည်။သူအိပ်ပျော်သွားတော့မှလရိပ်လဲနားထဲတွင်ထည့်ထားသောဂွမ်းကိုထုတ်လိုက်လေ၏။ဒါလရိပ်ညတိုင်းကြုံနေရသည့်ပြသနာပင်။ပါးဖောင်းဖောင်းနှင့်ဆံပင်ကောက်ကြီးတွေနှင့်အိပ်ပျော်‌နေသူကချစ်စရာကောင်းလှပါသည်။သို့ပေမယ့်မိဘတွေကအလိုလိုက်ထားလို့လားရိုင်းတာတော့အမှန်ပင်။သူကလူတိုင်းအပေါ်မှာရိုင်းပေမယ့်သူ့ပါပါးရှေ့မှာတော့ယုန်သူငယ်လေးအတိုင်းပင်။သူ့အားမကာအခန်းထဲသို့ရွှေ့ပေးလျှင်လဲမနက်ဆိုပြသနာရှာခံရတာကြောင့်ဒီအတိုင်းပင်ထားပြီးအိပ်လိုက်လေ၏။သို့ပေမယ့်တစ်ရေးနိုးတော့ထိုငနဲလေးကသူ့ကုတင်မှာရောက်နေသည်။တစ်ယောက်အိပ်ကုတင်လေးဖြစ်ပြီးဖြဲကားအိပ်တာကြောင့် လရိပ်မှာတစ်ညတွင်း ၃ကြိမ်၄ကြိမ်လောက်နိုးလာရသည်။ဒါဟာလဲသူလရိပ်ကိုဒုက္ခပေးချင်လို့ညတိုင်းလုပ်နေကြအကွက်တွေပင်။
--------

My Bad Brother(Completed)Where stories live. Discover now