-ဆု-|Prize| Part-8

Beginne am Anfang
                                    

__

ကြည်လဲ့သောရေပြင်နှင့် လှိုင်းလုံးတို့က တစ်စတစ်စဖြင့်.....လေပြေလေညှင်းများက အေးချမ်းစေခြင်းအလို့ငှာ တိုက်ခတ်တတ်သေး၏။

မိုးရွာထားသည့်အတွက် ပုံမှန်စိုစွတ်နေကြဖြစ်သော နူးညံ့သောသဲမှုန်လေးများက ပို၍ပင် နူးညံ့အိထွေးနေသယောင်။

ပြာလွင်၍ သာယာလှသော ရာသီဥတုကဖြင့် ခုနလေးတင် မိုးရွာခဲ့သည်ဟုပြောရင်တောင် မည်သူမျှယုံမည်မထင်ပေ။

ဒီလိုပါပဲ....။အရာရာဟာ ပြောင်းလဲပြီးရင်းပြောင်းလဲနေတာပဲလေ။

သာယာလွန်းတဲ့သဘာ၀ပျိုကညာတို့ရဲ့ ပြုစုယုယမှုအောက်မှာ အပြည့်အ၀ခံစားရင်း ဖြည်းညှင်းစွာလျှောက်လှမ်းနေမိသည်။

"ဟင်!"

မျက်လုံးများကိုမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်တော့ ကမ်းစပ်တွင် မြောနေသော အရာတစ်ခု။

စူးစမ်းလိုစိတ်နဲ့ အပြေးအလွှားသွားကြည့်မိတော့ အဖြူရောင်မာဖလာစတွေဖြင့် ရစ်ပတ်ရှုပ်ထွေးနေပါသော ကြောင်ဝါသေးသေးလေးတစ်ကောင်။

အသက်က ငွေ့ငွေ့သာရှိတော့သည်မို့ စိတ်ထဲမှာ ဆင်အကောင်တစ်ရာလောက်တက်နင်းခံလိုက်ရသည့်အလား နာကျင်သွားရသည်။

ကြောင်လေးတစ်ကောင်မဟုတ်ပေလား။ ဒါဆို သူ့ရဲ့မိသားစု၀င်ပဲလေ။ တစ်ဆက်ထဲတွေးမိသည်က တခြား သူမသိခဲ့ပါဘဲ ဒီလိုသေသွားရတဲ့ သူ့ရဲ့သွေးမတော်စပ်ပါတဲ့ မိသားစု၀င်လေးတွေဘ၀က သိပ်ကိုသနားစရာကောင်းတယ်ဟူ၍။

"ငါက ခေါင်းဆောင်ကောင်းမပီသနေဘူးပဲ"

ကြောင်ဝါသေးသေးလေးအား ရင်ခွင်ကျယ်ထဲ နစ်မြုပ်နေအောင် ဖက်၍ လူသူအကွယ်တစ်နေရာမှာ ၀င်ပေါက်တစ်ခုကို ဖန်တီးလိုက်ပြီး ကြောင်နန်းတော်ဆီသို့ အပြေးလေးပြန်လာခဲ့တော့၏။

*သူ့ရဲ့အသက်ကိုတော့ ရအောင်ကယ်မယ်*

__

ဤကဲ့သို့သော တွေ့ဆုံရန်အကြောင်းတရားတို့ ဖန်လာခဲ့သဖြင့် ‌ထိုကြောင်ဝါလေးမှာ ယန်းဂျောင်၀န်းဟု အမည်ပေးခြင်းခံခဲ့ရပြီး သခင်ကြီးအီဟီဆွန်း၏ အချစ်ရဆုံးသူဖြစ်လာခဲ့သည်။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Wo Geschichten leben. Entdecke jetzt