အခန်း ၅၆

Start from the beginning
                                    

"ဟင်း" 

မိုရိချန်က အသံပြန်ပြုပြီး သူ့ကို အထဲဝင်ခွင့်ပြုလိုက်သည်။

အခန်းထဲ ဝင်လာသည်နှင့် သူက ယွမ်းစွော်ကို ချက်ချင်း နှုတ်ဆက်လိုက်သည်။ 

"ဟယ်လို မရီးလေး ငါက မိုရိရှုပါ။ ငါတို့အရင်က ဗီဒီယိုcallမှာ တွေ့ဖူးတယ်လေ"

'မရီးလေး'ဆိုတဲ့စကားကို ကြားလိုက်တဲ့အခါ ယွမ်းစွော်ရဲ့ မှိန်ဖျော့နေတဲ့မျက်နှာက အားအပြည့်နဲ့ နီရဲလာခဲ့သည်။ သူက လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "ကျွန်တော်မဟုတ်ဘူး...ကျွန်တော်မဟုတ်ဘူး" 

သူနဲ့ မိုရိချန်တို့ ချိန်းတွေ့နေတယ်ဆိုတာကို တခြားသူတွေကို သိခွင့်မပြုနိုင်ပေ။ အမျိုးသားတစ်ဦးနှင့် အမျိုးသားတစ်ဦး ချိန်းတွေ့ခြင်းက မိုရိချန်ရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေရုံသာမက သူ့မိသားစုကလည်း ဆန့်ကျင်မည်ဖြစ်သည်။ ဒါက သူနဲ့ မိုရိချန်တို့ရဲ့ ဆက်ဆံရေးကို အတည်ပြုပြီးတဲ့အခါ ယွမ်းစွော်က အွန်လိုင်းမှာ ရှာဖွေကြည့်ပြီးနောက် ရလာတဲ့ အဆုံးအဖြတ်ပင်။ 

မိုရိချန်က ဘာလုပ်ရမလဲမသိတော့တဲ့ အသေးလေးကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။  "ရိရှုကို ဖုံးကွယ်ထားစရာ မလိုပါဘူး"

"အာ" 

ယွမ်းစွော်က အေးခဲသွားပြီး ဖုံးကွယ်ထားစရာ မလိုဘူးလား။

အတင်းအဖျင်းတွေ တောက်လောင်နေတဲ့ မိုရိရှုရဲ့ မျက်လုံးတွေက ထင်းခြောက်ထည့်လိုက်သလို ပိုတောက်လောင်လာပြီး "ဒါဆို...ဒုတိယအစ်ကို ဒါက ကျွန်တော့်ရဲ့မရီးသေးသေးလေးလား"

မိုရိချန်က ခေါင်းညိတ်ပြပြီး သူ့ကို အနည်းငယ် မကျေမနပ်ဖြစ်ကာ အမှန်​ပြင်ပေးလိုက်သည်။ 

"သူ့ကို မရီးလေးလို့ ခေါ်"

"အာ! ဟုတ်ကဲ့!"

 မိုရိရှုက မတ်တတ်ထရပ်ကာ စစ်မှုထမ်းနေစဥ် ပုံစံအတိုင်း 

"မရီးလေး!"

ယွမ်းစွော်က ဘယ်လိုပြန်ဖြေရမှန်းမသိဘဲ တုန်ယင်နေကာ ကံကောင်းစွာဖြင့် မိုရိချန်က အခြေအနေကို ဝိုင်းကူပေးခဲ့သည်။ သူက မိုရိရှုကို သူယူလာသမျှ ပစ္စည်းတွေကို မီးဖိုချောင်ထဲ ယူသွားပြီး ဖယ်ထားဖို့ ညွှန်ကြားလိုက်ပြီး ဒီစာသင်နှစ်အတွက် သူ့ရဲ့လေ့လာမှုအကြောင်းကို တင်ပြဖို့ ဧည့်ခန်းထဲကို သွားခိုင်းလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now