အခန်း ၅၆

Start from the beginning
                                    

အခန်းက ဆွဲဆောင်မှုတွေနှင့် ပြည့်နေခဲ့ပြီ။

မိုရိချန်က ထရပ်လိုက်ပြီး မျက်လုံးဖွင့်ဖို့တောင် အရှက်လွန်နေတဲ့ အသေးလေးကို ကောက်မလိုက်ပြီး သူ့အခန်းထဲသို့ ပြန်ခေါ်သွားလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

"တစ်ယောက်ယောက် ဒီမှာရှိနေတယ်!" ယွမ်းစွော်ရဲ့မျက်လုံးတွေက ယုန်လေးကဲ့သို့ ကြောက်လန့်တကြား ပြူးကျယ်နေကာ ခုန်ဆင်းဖို့ ရုန်းကန်နေခဲ့သည်။

မိုရိချန်က မျက်မှောင်ကြုတ်ကာ သူ့ကို လွှတ်ပေးဖို့ တွန့်ဆုတ်ရင်း ရင်ခွင်ထဲတွင် သယ်သွားပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။

ဗီဒီယိုဖန်သားပြင်ကို နှိပ်လိုက်သည်။

ချောမောပြီး တောက်ပတဲ့ မျက်နှာလေး ပေါ်လာပြီး ဖြူဖွေးနေတဲ့သွားနှစ်တန်းကို ထုတ်ပြရင်း ပြုံးပြနေခဲ့သည်။

"ဒုတိယအစ်ကို ကျွန်တော်ပါ" 

မိုရိရှုက ကင်မရာကို လက်ဝှေ့ယမ်းပြလိုက်ပြီး "ကျွန်တော်ပြန်လာပြီ! တံခါးမြန်မြန်ဖွင့်ပါ!"

ဒီတစ်ခါတော့ ယွမ်းစွော်က တကယ် မနေနိုင်တော့ပေ။ မိုရိချန်ရဲ့ညီလေးက သူတို့ကိုမြင်သွားရင်...

မိုရိချန်က သူ့ကို အောက်ချပေးလိုက်ရုံသာ ရှိတော့ပေမယ့် သူ့ခန္ဓာကိုယ်ထဲက မီးက မငြိမ်သေးတဲ့အတွက် အံကိုကြိတ်ရင်း စက္ကန့်အနည်းငယ်လောက် အရှိန်လျှော့ကာ တံခါးဖွင့်ပေးလိုက်သည်။ ယွမ်းစွော်က သူ့နောက်တွင် နာခံစွာဖြင့် ရပ်နေခဲ့သည်။

မိုရိရှုက အရပ်ရှည်ကာ  ချောမောပြီး အားကစားဝတ်စုံကို ဝတ်ဆင်ထားကာ အရွယ်အစားကြီးမားတဲ့ အိတ်နှစ်လုံးကို သူ့လက်ထဲတွင် ကိုင်ထားသည်။ မိုရိချန်ကို မြင်လိုက်တဲ့အခိုက်တွင် ခုန်တက်တော့မည့်ဟန် ပြင်လိုက်ပေမယ့် မိုရိချန်က သူ့နဖူးကို နောက်ပြန်တွန်းထားလိုက်သည်။

"မင်းဘာလို့ရုတ်တရက်ပြန်လာရတာလဲ"

မိုရိရှုက သူ့ရဲ့ဒုတိယအစ်ကိုထံမှ ဒီလို အေးစက်ရွံရှာဖွယ် သဘောထားမျိုး ရလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူက ချက်ချင်းပင် ဝမ်းနည်းသွားတဲ့အမူအရာဖြင့် "ဒုတိယအစ်ကို ကျွန်တော်က ပြန်ရောက်ရောက်ချင်း အစ်ကို့ဆီလာခဲ့ရတာလေ။ အစ်ကိုက တကယ်ကို နှလုံးသားမဲ့လွန်းတယ်!" ထို့နောက် သူ့ဒုတိယအစ်ကိုရဲ့ပခုံးပေါ်ကို သူ့လက်ကိုတင်လိုက်ကာ အလှလေးတွေကို စံချိန်ချိုးနိုင်တဲ့ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်လေးတစ်ဦးကို တွေ့လိုက်ရသည်။ သူက ချက်ချင်း သူ့နဖူးကို ရိုက်လိုက်ပြီး အရာအားလုံးကို သဘောပေါက်သွားသလို ပြောလိုက်သည်။ "ဒုတိယအစ်ကို ကျွန်တော်မှားသွားတာပါ!"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now