အခန်း ၅၆

Start from the beginning
                                    

"အင်း...အဲဒါက...ယားတယ်...ဟားဟား..." ယွမ်းစွော်က မျက်ရည်ထွက်မတတ် ရယ်ကာ ဘယ်ညာ ရှောင်နေခဲ့သည်။

မိုရိချန် : "....."

မရေမရာဖြစ်နေတဲ့ လေထုက ပျောက်ကွယ်သွားခဲ့သည်။

"ကောင်းပါပြီကွာ" 

မိုရိချန်က သူ့ကိုယ်သူ ချုပ်တည်းဖို့သာ ရုန်းကန်လိုက်ရတော့သည်။

ယွမ်းစွော်က သူ့ဗိုက်ကို ပွတ်လိုက်ပြီး

 "အို့ အိုး"

"ကဲ အခု ကိုယ့်ကို သေချာကြည့်" မိုရိချန်ရဲ့လက်တွေက သူ့အောက်ရှိ လူကို ဝိုက်ထားသလို သူ့လက်နှစ်ဖက်ကို ဘေးတွင် ဆန့်တန်းထားလိုက်သည်။

မိုရိချန်ရဲ့အကြည့်တွေက တောက်လောင်နေပုံရကာ... ခါတိုင်းနှင့် အတော်လေး ခြားနားနေခဲ့သည်။ တံတွေးမျိုချလိုက်ရင်း ယွမ်းစွော်က ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။

အလွန်အဖိုးတန်တဲ့ ပစ္စည်းလေးကို ထိန်းသိမ်းထားသလိုမျိုး ပေါ့ပါးတဲ့ အနမ်းတွေက သူ့နှုတ်ခမ်းပေါ်သို့ ကျရောက်လာပြီးနောက် တဖြည်းဖြည်း ပြန့်ကျဲသွားခဲ့သည်။

"မို..." 

ယွမ်းစွော်က မိုရိချန်ရဲ့အိမ်နေရင်းအင်္ကျီကို ဆွဲဖို့ မသိစိတ်မှ လက်ကို မြှောက်လိုက်ပြီး သူ့လည်ပင်းပေါ်တွင် ပြန့်ကျဲနေတဲ့ အနမ်းတွေက မီးတောက်မီးလျှံတွေကဲ့သို့ ဖြစ်နေခဲ့သည်။

မိုရိချန်က သူ့အား ညင်သာစွာ ဆုပ်ကိုင်ထားပြီး မှိန်ဖျော့တဲ့သွားကိုက်ရာအမှတ်တွေ ချန်ထားရင်း အက်ရှနေတဲ့အသံဖြင့် ပြောလိုက်သည်။ 

"ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ"

"အမ်း...." 

 ဒီလိုအချိန်မျိုးဆို သူက...သူက  အရမ်းရှက်သည်။ "မလုပ်...မကိုက်ပါနဲ့...ရိချန်"

တိုးညှင်းတဲ့ အသနားခံနေတဲ့အသံလေးက သူ့နားထဲသို့ ဝင်လာတဲ့အခါ မိုရိချန်က ဓာတ်လိုက်ခံရသကဲ့သို့ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

"အိုး...မိုရိချန်...လူလိမ်...လူလိမ်ကြီး...အ..." ယွမ်းစွော်ရဲ့စကားလုံးတွေက ရွှေလိုအဖိုးတန်သလိုပင် အနမ်းတွေဖြင့် မျိုချခံလိုက်ရသည်။ သူ့လက်က မိုရိချန်ရဲ့ အင်္ကျီကော်လံကို ဆုပ်ကိုင်ထားပြီး လက်မှ အပြာရောင်သွေးပြန်ကြောများပင် ပေါ်နေခဲ့သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now