ကျောင်းpageရဲ့ဓာတ်ပုံထဲမှာတော့ ရိပေါ်က ဖန်းအာခေါင်းလေးကိုပွတ်သပ်ပေးနေသည်။နောက်တစ်ပုံကတော့ ရိပေါ်ရဲ့လက်မောင်းကိုချိတ်ကာချွဲနွဲ့နေတဲ့ဖန်းအာရဲ့ပုံဖြစ်သည်။

caption မှာရေးထားတာက
'️အရမ်းလိုက်ဖက်တာပဲ❤️'တဲ့လေ..

Commentလေးတွေကို ဝင်ကြည့်မိတဲ့ရှောင်းကျန့်က ကိုယ့်ကိုယ် ကိုသာအပြစ်တင်မိတော့သည်။

girl 1- (အားးးအရမ်းအရမ်းကိုလိုက်ဖက်နေရော)

girl 2-(နေနဲ့လ ရွှေနဲ့မြဆိုတာ သူတို့ကိုပြောတာ)

girl 3-(မြန်မြန်တွဲကြပါတော့ဗျို့!!!)

girl 1-(သူတို့နှစ်ယောက်တွဲမယ်ဆိုတာငါတော့လောင်းရဲ့တယ်ဟေ့"

boy 1-(ဖန်းအာ အရမ်းလှတာပဲ)

boy 2-(ကိုယ့်အသဲကိုမခွဲပါနဲ့ ဖန်းအာလေးရေ...အူးးဝါးးး)

girl 2-(အပေါ်က တစ်ယောက် ဝမ်ရိပေါ်လိုရုပ်ချောအောင်အရင်ကြိုစားလိုက်အုန်းးး)

boy 3-(ကိုယ့်ရဲ့အလှဘုရင်မလေးးဖန်းအာ)

ရှောင်းကျန့်ဆက်ပြီးမဖတ်နိုင်တော့ commentတွေ likeတွေဟာလည်း ခနညအတွင်းမှာတွင် k တွေအထိတက်သွားလေသည်။ခုလက်ထိလည်းဆက်ပြီးတက်နေတုန်းပင်

ရှောင်းကျန့် တစ်ယောက် မွန်းကြပ်လာတာမို့ သန့်စင်ခန်းထဲသို့ပြေးသွားကာအော်ဟစ်မိတော့သည်။

သန်စင်ခန်းထဲက မှန်ထဲမှာမြင်နေရတဲ့ သူ့မျက်နှာကိုကြည့်ကာ ငို​​မိတော့သည်။

"ဘာ​လို့လည်းးး ဘာလို့ငါကရုပ်ဆိုးနေရတာလဲ...ဒီမျက်နှာကြီးကိုငါမုန်းတယ်...မလိုချင်တော့ဘူး!!!ငါ...ငါသာရုပ်ချောရင်...ငါ့ကို ရိပေါ်က ဖန်းအာလိုမျိုး ဂရုစိုက်ပေးလောက်မှာ...ခုတော့...အားးး"

ထိုနေ့က ရှောင်းကျန့်ရဲ့ဘဝမှာ ပထမဆုံးလိုလိုချင်ချင်နဲ့တောင်းမိတဲ့ဆုက ရုပ်ချောပါရစေတဲ့လေ...နှစ်တွေအကြာကြီးဖြတ်သန်းပြီးကာမှ ရှောင်းကျန့်ဟာ အချစ်ကြောင့် သူ့ရဲ့ရုပ်ဆိုးဆိုးမျက်နှာလေးကိုမုန်းတီးလာမိပါတော့သည်။

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

~Zawgyi~

ရိပေါ် ဆေးပေးခန်းထဲကထွက်လာတော့ကျောင်းရဲ့စာကြည့်တိုက်ရှိရာ ဒုတိယမြောက်အထပ်ဆီသို့သွားတော့သည်။

My Ugly Boy [Completed]Hikayelerin yaşadığı yer. Şimdi keşfedin