ရိပေါ်ကလည်း ခုနောက်ပိုင်း သူ့အပေါ်စိတ်ဝင်စားလာတယ်ဆိုတာကိုဖန်းအာက ရိပ်မိသည်။ဒါပေမယ့်ရိပေါ်က
ဖွင့်ပြောမလာတဲ့အခါ ဖန်းအာကလည်းအခက်တွေ့ရသည်။

သူမ အနေနဲ့တော့ ရိပေါ်ကိုအခြားမိန်းကလေးများလိုစတင်ဖွင့်မပြောနိုင်ပါ...သူမက ရိအိမ်တော်ရဲ့သခင်မလေးလေ သူမကဘယ်အရာမဆိုအထက်စီးကဖြစ်နေမှကျေနပ်တဲ့သူမျိုး...ဘယ်အရာကိုမှ သူမ အောက်ကျို့နေမှာမဟုတ်...

စာအုပ်တွေရှာနေရင်းနဲ့မှ ရိပေါ်​ချောင်းတစ်ချက်ဟန့်လိုက်တော့ဖန်းအာကလှည့်ကြည့်လာသည်။သို့ပေမယ့် စာအုပ်ပြန်ရှာမှုကိုသာ ပြန်လုပ်ဆောင်နေသည်။

ရိပေါ် တကယ်စွံ့အနေမိသည်။တကယ်ပဲ ဖန်းအာက သူ့ရဲ့လက်ကပတ်တီးကိုမမြင်တာလားးး

"ဖန်းအာ...ဒီမှာကြည့်"

နောက်ဆုံးတော့ဖန်းအာရှေ့ကို ပတ်တီးစည်းထားတဲ့ညာဘက်လက်ကလေးကိုပြလိုက်သည်။

"အင်းးး တွေ့တယ်လေ ဘယ်လိုဖြစ်တာလဲ"

"ရန်ဖြစ်တာ..."

"သြော်..."

ထို့နောက်ဘာမှမဖြစ်သလိုစာအုပ်ပြန်ရှာနေတဲ့ဖန်းအာကြောင့် ရိပေါ်သက်ပြင်းချလိုက်မိသည်။ဖန်းအာကစိတ်ပူပေးဖော်တောင်မရဘူးပဲ။

"ရိပေါ်...ဒီမှာဖန်းရှာနေတဲ့စာအုပ်တွေ့ပြီ...သွားကြစို့"

"အင်းးး"

သူတို့နှစ်ယောက်ကိုအားကျတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ဘေးပတ်ဝန်းကျင်ကိုလည်းဂရုမစိုက်မိခဲ့ကြပါ....

စာကြည့်တိုက်ထဲမှာစာဖတ်နေတဲ့ကောင်မလေးအချို့ဟာလည်းသူတို့နှစ်ယောက်ကို ဓာတ်ပုံခိုးရိုက်ကာ ကျောင်းရဲ့Pageထဲမှာဖြန့်နေကြလေသည်။

ရှောင်းကျန့်တစ်ယောက် အတန်းထဲမှာထိုင်နေတုန်း သူ့ရဲ့အနည်းငယ်စုတ်နေတဲ့ဖုန်းလေးမှ ထွက်လာသော notiသံများ​ကြောင့် ဖုန်းကိုဖွင့်ကြည့်လိုက်မိသည်။

မြင်လိုက်ရတဲ့ဓာတ်ပုံတွေကသူ့ကိုစိတ်မသက်မသာဖြစ်စေသည်။ပြီးတော့သူ့နှလုံးသားလေးကိုရောပေါ့

My Ugly Boy [Completed]Unde poveștirile trăiesc. Descoperă acum