ချန်မိန်ချင်းမှာထန်ရိမင်ရဲ့စကားကြောင့်အရမ်းရှက်မိပြီးဒေါသထွက်မိသည်၊ရှက်တာကသူသဘောကျတဲ့သူကသူ့ကိုဒီလိုလူမျိုးလို့ထင်တာကိုပင်၊ဒေါသထွက်တာဘာမဟုတ်တဲ့ကောင်ကြောင့်သူခုလိုပြောခံရတဲ့အတွက်ကြောင့်ပင်၊ခုဆိုပိုင်လင်ဆိုတဲ့ကောင်ကိုအဆ၁၀၀ပိုမုန်းလာသည်၊

ပိုင်လင်ဆိုတဲကောင်ကြောင့်ထန်ရိကောကငါ့ကိုဒီလိုထင်သွားတာ၊ငါ့ခြေဖဝါးအောက်က‌ေခြမှုန်လောက်တောင်တန်ကြေးမရှိတဲ့ကောင်ကြောင့်ခုလိုတွေဖြစ်လာရတာ၊ဒါပေမဲ့ခုငါ့ဒေါသကိုငါချုပ်ထိန်းထားရမယ်ထန်ရိကောမရှိတဲ့အချိန်ကျမှသူ့နေရာသူသိအောင်လုပ်ပေးရမယ်

"ညီမတောင်းပန်ပါတယ်နော်ထန်ရိမင်ကောညီမဒီနေ့ကြုံခဲ့ရတဲ့ထိတ်လန့်စရာကိစ္စတွေကြောင့်ညီမအရမ်းထိတ်လန့်ပြီးခုလိုပြောမိတာပါညီမကိုခွင့်လွှတ်ပါနော်"
"မင်းတောင်းပန်ရမယ့်သူကငါမဟုတ်ဘူးကောင်လေးကို"

ပိုင်လင်မှာချန်မိန်ချင်းပြောတဲ့စကားကိုဒေါသထွက်သွားပေမဲ့ထန်ရိမင်ရဲ့ကာကွယ်ပေးခဲ့တဲ့စကားတွေကြောင်ရင်ခုန်မိသည်၊ပြီးတော့သူ့ကိုဒီလိုရင်ခုန်အောင်လုပ်နိုင်တဲ့သူကဂုဏ်ရောင်တစ်ယောက်တည်းပင်

ဖြစ်နိုင်တာကသူငါ့နောက်လိုက်ခဲ့တာလား၊သူစဥ်းစားကြည့်လိုက်တော့မှဂုဏ်ရောင်လည်းသူ့ကို ကောင်လေး လို့ခေါ်ခဲ့တာပင်၊အစက ထန်ရိမင် သူ့ကိုအဲ့လိုခေါ်ခဲ့ပေမဲ့သူသိပ်မကြားလိုက်ပေ၊သူ့ရဲ့အာရုံတွေကထန်ရိမင်ရဲဒဏ်ရာပေါ်မှာပင်၊ခုမှစဥ်းစားမိသည် ဂုဏ်ရောင်သူ့ကိုကြည့်တဲ့အကြည့်နဲ့ထန်ရိမင်သူ့ကိုကြည့်တဲ့အကြည့်နဲ့သိပ်တူသည်၊ပြီးတော့သူတို့ပေါ်ရင်ခုန်ရတာလည်းအတူတူပင်
"whiteမင်းထွက်ခဲ့ပါ၊ငါ့ကိုရူးပြီးသေမသွားစေချင်ရင်"
whiteမှာအရေးပေါ်ခလုတ်အချက်ပေးသံကြောင့်ချက်ချင်းလိုင်ပြန်တက်လိုက်ရသည်
"hostဘာဖြစ်တာလဲ"
သူ့hostရဲ့ဝမ်းနည်းနေသောမျက်နှာကြောင့်whiteစိတ်ပူသွားသည်
"whiteထန်ရိမင်နဲ့ဂုဏ်ရောင်ကတယောက်တည်းဘဲလား"
"hostဘယ်လိုလုပ်သိတာလဲ"
whiteမှာသူ့hostဒီလောက်မြန်မြန်သိသွားလိမ့်မည်လို့မထင်မိခဲ့ပေ၊သူ့hostလိုငလပိန်းတုံးကဘယ်လိုလုပ်သိသွားတာပါလိမ့်
"တကယ်လားwhite"
"ဟုတ်ပါတယ်host"
ပိုင်လင်မှာပျော်လွန်းလို့မျက်ရည်တွေပင်ကျလာသည်၊သူဘယ်လိုမှထင်ထားခဲ့ပေ၊သူကငါ့လိုဘာမှမကောင်းတဲ့လူတယောက်ပေါ်တကယ်ချစ်လိမ့်မယ်၊သူ့တကယ့်ဘဝမှာသူသစ္စာဖောက်ခံရကတည်းကသူဘသူကိုမှမယံုချင်/မချစ်ချင်တော့ပေ၊

System WhiteWhere stories live. Discover now