ရှောင်ဟန်း

ကျွန်တော် အိပ်ရာပေါ်က ဆင်းနိုင်ပြီဆိုတာနဲ့ ဆေးရုံဆင်းလိုက်တယ်။ နေရာတိုင်းက သုဿန်တစပြင်လို ဖြူစုတ်နေပြီး စင်္ကြံတစ်လျှောက် လူကြီးတွေရဲ့ရှိုက်သံနဲ့ ကလေးတွေရဲ့ငိုကြွေးသံတွေက နှလုံးသားထဲမှာ ငြီးငွေ့လာစေပြီး အရာအားလုံးက မျှော်လင့်ချက်တွေ ပျက်သုန်းတဲ့အဖြစ်ကို ပြောင်းလဲသွားမှာ ကျွန်တော် စိုးထိတ်မိတယ်။

ကျွန်တော် လုံးဝသွေးပျက်နေတယ်။ ဘာလုပ်သင့်မှန်း ကျွန်တော် မသိတော့ဘူး။ ကျွန်တော် ဘာလုပ်နိုင်သေးလဲဆိုတာ မသိတော့ဘူး။

ကျွန်တော် အိမ်ရောက်တဲ့အခါ ကျွန်တော့်မြင်ကွင်းထဲ မြင်နေရတဲ့တစ်ခုတည်းသောအရာက မျက်နှာကြက်ဖြစ်တယ်။ မျက်နှာကြက်ကြွေပြားတွေမှာ အတန်းလိုက်မျဉ်းကြောင်းတွေရှိတယ်။ ကျွန်တော် အဲ့တာတွေကို ထပ်ခါတလဲလဲ ရေကြည့်ပေမယ့် ဘယ်နှကြိမ်လောက် ကြိုးစားကြိုးစား တူညီတဲ့အရေအတွက်ကို လုံးဝပြန်မရဘူး။

ကျွန်တော် စတင် ကြောက်ရွံ့လာတယ်။ TVရဲ့ နားစည်ကွဲလုမတတ်အသံကို ကြောက်တယ်၊ မျက်လုံးပေါက်ထွက်မတတ် နေရောင်ခြည်တွေကို ကြောက်တယ်၊ မနက်ဖြန်အကြောင်း တွေးရမှာ ကြောက်တယ်၊ ဒီနေ့ပြီးတဲ့အခါ ဆက်ကြုံရမယ့် ဘဝအကြောင်း တွေးရမှာကြောက်တယ် _

မှိုင်းတိုင်းနေတဲ့ဒီဘဝကြီးမှာ မျှော်လင့်စရာလည်း မရှိတော့သလို၊ စောင့်စားစရာလည်း ထပ်မရှိတော့ဘူး။

ညအချိန်မှာ ပြတင်းပေါက်အပြင်ဘက်က သစ်ပင်အရိပ်တွေက တိုက်ခိုက်ဖို့ လက်သည်းထုတ်ထားတဲ့ ခက်ထန်တဲ့မကောင်းဆိုးဝါးတစ်ကောင်နဲ့ တူနေပေမယ့် လရောင်ကတော့ အထက်ဆီကနေ ရှင်းလင်းတောက်ပစွာ အလင်းရောင်ပေးနေတယ်။

ဒါပေမယ့် မြင့်မားဝေးကွာလွန်းတာကြောင့် လုံးဝကို လက်လှမ်းမမှီဘူး။

ကျွန်တော် အိမ်မက်တစ်ခုမက်ခဲ့တယ်။ အိမ်မက်က ဟိုးရှည်ကြာနေတဲ့အချိန်တစ်ခုဖြစ်ပြီး ရှည်ကြာလွန်းလှတာကြောင့် ကျွန်တော့်ရဲ့ကိုယ်ပိုင်မှတ်ဉာဏ် မဟုတ်တော့သလိုတောင် ဖြစ်နေတယ်။ အရင်က ကျွန်တော် တစ်ခါမှမမြင်ဖူးတဲ့ အဆင်တန်ဆာတွေ ပေါများစွာ ဆင်ယင်ထားတဲ့ နှစ်လိုဖွယ်မြင်ကွင်းတစ်ခုဖြစ်ပေမယ့် ထိုနေရာမှာရှိနေတာကတော့ ကျွန်တော်သိတဲ့တစ်စုံတစ်ယောက်ဖြစ်တယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now