*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း

Start from the beginning
                                    

"ဟုတ်ကဲ့ပါ သခင်မကြီး.. ကျွန်မ ထပ်မပြောတော့ပါဘူး"

ဒီတော့မှ အပြုံးတွေက ယင်သခင်မကြီးမျက်နှာထက် ပြန်လည်နေရာယူလာသည်။

ရုန်ယိက သိချင်စိတ်အပြည့်နဲ့ မေးကြည့်လိုက်သည်။
"တစ်ခြားအထိန်းတော်တွေကရောဟင်"

ယင်သခင်မကြီးရော ဒေါ်လေးရှန်းပါ ကြောင်အသွားကြရ၏။
"တစ်ခြားအထိန်းတော်တွေ ဟုတ်လား.. မင်း ဘယ်ကနေ အဲ့လို ကြားထားတာလဲ"

ယင်ကျင်းရဲ့ ဆီက ကျိတ်ရယ်သံ ထွက်လာလေသည်။

ရုန်ယိက သူ့ကို ဒေါသထွက်ကာ စိုက်ကြည့်လိုက်ပြီး
"ဆိုတော့ ခင်ဗျားမှာ ဒုတိယ တတိယနဲ့ စတုတ္ထ အထိန်းတော်တွေရှိသေးတယ်ဆိုတာက လိမ်ပြောတာပေါ့လေ"

"ကိုယ်မင်းကို လိမ်ပြောနေတယ်ဆိုတာ မင်းသိပြီးသား မဟုတ်ဘူးလား"

"ကျွန်တော်က ဦးလေး၂ ဦးလေး၃ ဦးလေး၄ တို့ကိုဘဲ ခင်ဗျား လိမ်ပြောတယ် ထင်နေတာ"

ယင်သခင်မကြီးက သိချင်စိတ်နဲ့ ဝင်မေးလာ၏။
"ကျင်းရဲ့က မင်းကို ဘာလို့ လိမ်ပြောရတာလဲ"

ရုန်ယိမှာတော့ ဒီအကြောင်းပြောပြဖို့အတွက် ရှက်ရွံသွားရလေသည်။

ယင်ကျင်းရဲ့က ပေါ့ပေါ့ပါးပါးနဲ့ဘဲ ပြန်ဖြေလိုက်သည်။
"ဒီအတိုင်း စနောက်တာလေးပါ"

"ငါ့သားက ဒီလိုစနောက်တတ်မယ်လို့ မထင်ထားမိဘူး"
ယင်သခင်မကြီးက ပြုံရယ်ကာ ခေါင်းစဥ်ပြောင်းလိုက်၏။ သူမက ပုချီတို့ဘက်ကို လှမ်းကြည့်လိုက်ပြီး
"ငါထင်တာမမှားရင် မျက်နှာဖုံးနဲ့တစ်ယောက်က ပုချီဖြစ်ရမယ် သူ့ဘေးမှာထိုင်နေတာက ရှန်းလွီ့.. ပြီးတော့ မင်းတို့နှစ်ယောက်စလုံးက ရုန်ယိရဲ့ တပည့်တွေ.. ဝိုး.. ရှောင်ယိက တော်လိုက်တာ..  မင်းက မဟာယာနအဆင့်ကသူ နှစ်ယောက်ကိုတောင်မှ တပည့်အဖြစ် ခေါ်ထားနိုင်တာဘဲ"

ပုချီနဲ့ ရှန်းလွီ့တို့က မတ်တပ်ရပ်လိုက်ကြကာ
"သခင်မကြီးကို နှုတ်ဆက်ပါတယ်ဗျာ"

"ရပါတယ်.. ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်သာနေကြပါ"
ထို့နောက် ရုန်ယိခန္ဓာကိုယ်ဘက်ကို လှည့်လိုက်ပြီး
"မင်းကတော့ ရှောင်ရုန်ဘဲ ဖြစ်ရမယ် ဟုတ်တယ်မလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now