*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း

Comenzar desde el principio
                                    

သူမက ရုန်ယိဘက်ကိုပါ လှည့်လိုက်ပြီး
"ရှောင်ယိ မင်းရောဘဲနော်.. စည်းကမ်းတွေ အစဥ်အလာတွေ တွေးနေစရာမလိုဘူး.. စိတ်ထဲရှိတာ ပြောလို့ရတယ်.. မစိုးရိမ်နဲ့ မင်းကို ဘယ်သူမှ အပြစ်မတင်ဘူး"

ယင်သခင်မကြီးက ယင်ထောင်ကို အောက်ချပေးကာ ခေါင်းလေးပုတ်ပေးလိုက်သည်။
"သားညီလေးတွေ အစ်ကိုတွေနဲ့ အပြင်မှာ သွားကစားကြလေ"

"ဟုတ်ကဲ့"

ရန်ချိုးရွှမ်က ကျန်းမုဆီ ယင်စန်စန်ကို လှမ်းပေးလိုက်ပြီး ကျန်းမုကတော့ တစ်နှစ်သားကလေးနှစ်ယောက်ကို သယ်ဆောင်ကာ အပြင်သို့ ထွက်သွားတော့သည်။

ယင်သခင်မကြီးက သိချင်စိတ်နဲ့ မေးလာသည်။
"နောက်ကလေးတစ်ယောက်က ဘယ်သူလဲ"

"အမေ ကျွန်တော် နောက်မှဘဲ ရှင်းပြမယ်"

"ကောင်းပြီ"
ယင်သခင်မကြီးက သူတို့ကို ခန်းမထဲခေါ်ဆောင်သွားပြီး ထိုင်ခိုင်းလိုက်သည်။ လက်ဖက်ရည် တည်ခင်းဧည့်ခံပြီးတဲ့အခါ အမျိုးသမီးတစ်ယောက်ကိုသာ ကျန်နေစေခဲ့ပြီး ကျန်တဲ့အစေခံတွေအကုန်လုံးကို ထွက်သွားစေလိုက်၏။

ပြီးနောက်မှာတော့ ယင်သခင်မကြီးက သူမဘေးနားက အမျိုးသမီးကို လူတိုင်းနဲ့ မိတ်ဆက်ပေးလာသည်။
"ရှောင်ယိ.. ဒါက ဒေါ်လေးရှန်းတဲ့.. ကျင်းရဲ့ရဲ့ အထိန်းတော်လေ.. ငါ့ရဲ့ သူငယ်ချင်းဆိုလည်း ဟုတ်တယ်.. ငါ ဒီအိမ်တော်ရဲ့ ကိစ္စတွေနဲ့ မအားမလပ်ဖြစ်နေတဲ့အချိန်မျိုးမှာဆို ငါ့ကလေးတွေကို စောင့်ရှောက်ပေးဖို့ကို သူက တာဝန်ယူထားတာ.. ကျင်းရဲ့ကြီးပြင်းလာတဲ့ ငယ်ဘဝတစ်လျှောက်လုံးမှာ သူက အများဆုံး ပါဝင်နေခဲ့တာ.. ငါမှတ်မိပါသေးတယ်.. ကျင်းရဲ့ ငယ်ငယ်တုန်းကဆိုရင် ခဏခဏ ဒေါ်လေးရှန်းကိုဘဲ သူ့အမေလို့ ထင်နေခဲ့တာလေ"

ရုန်ယိက ချက်ချင်း မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။
"ဒေါ်လေးရှန်း တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ"

ဒေါ်လေးရှန်းက အမြန် ပြန်ပြောလာ၏။
"သခင်လေးရုန်.. ဒီလောက်ကြီးမလိုပါဘူးရှင်.  ကျွန်မက အစေခံတစ်ယောက်ပါဘဲ"

"မဟုတ်တာတွေ!"
ယင်သခင်မကြီးက စိတ်ဆိုးဟန်ပြုလိုက်ပြီး
"နင် အစေခံ လို့ ထပ်ပြောရင် ငါတစ်ကယ် စိတ်ဆိုးတော့မယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Donde viven las historias. Descúbrelo ahora