*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း

Start from the beginning
                                    

သူမရဲ့ ရင်းနှီးဖော်ရွေတဲ့ အပြုံးရဲ့ သက်ရောက်မှုကြောင့် ရုန်ယိစိတ်ထဲက ကြောက်စိတ်လည်း အနည်းငယ်လျော့ပါးသွားရသည်။ သူလည်း ပြန်ပြုံးပြလိုက်ကာ
"ယောက္ခမ.. ကျွန်တော်လည်း ဝမ်းသာပါတယ်ခင်ဗျ"

သူမ မျက်နှာပေါ်က အပြုံးမှာ ပိုလို့တောင် ကြီးမားလာရသည်။

သူမဘေးနားမှာ ရပ်နေတဲ့ အမျိုးသမီးက ပြုံးကာ ပြောလာ၏။
"သခင်မကြီး.. အရင်ဆုံး အထဲဝင်ပြီးမှ စကားဆက်ပြောကြတာ ကောင်းမယ်ထင်ပါတယ်"

"ဟုတ်သားဘဲ.. ငါ အပျော်လွန်ပြီး ငါတို့ အိမ်တော်အပြင်မှာ ရပ်နေတုန်းဆိုတာ မေ့သွားတာ.. အားလုံးဘဲ.. ကျွန်မနဲ့အတူ လိုက်ဝင်ခဲ့ကြပါ"
ယင်သခင်မကြီးက သူတို့ကို အတွင်းထဲကို ခေါ်လာလိုက်သည်။
"ရဲ့အာ ပြန်လာမယ်လည်းကြားရော အကြီးအကဲတွေက ကိုယ်တိုင်ကိုယ်ကျ လာကြိုကြမလို့ စီစဥ်ကြသေးတယ်.. ဒါပေမဲ့ ငါတားထားလိုက်တာ.. ငါ့သားအတွက် သူတို့ ဒီလို ကိန်းကြီးခမ်းကြီးနိုင်တဲ့ကြိုဆိုမှုမျိုး လုပ်ဖို့မလိုအပ်ပါဘူး.. ဒါ့အပြင် ငါတို့မိသားစုက ရှားရှားပါးပါး တွေ့ဆုံကြရတာကို သူတို့လာပြီး အနှောင့်အယှက်ပေးတာမျိုးလည်း မလိုချင်ဘူးလေ"

သူမက ဒီစကားတွေကို ပြောရတာက ရုန်ယိရဲ့ အထင်လွဲမှုတွေကို ပပျောက်စေရန်သာဖြစ်၏။ အကြီးအကဲတွေလာဖို့ ပျက်ကွက်တာက သူတို့တွေ ရုန်ယိကို  သဘောမကျတာကြောင့်မျိုး မဟုတ်ဟူ၍ပင်။

ယင်ကျင်းရဲ့ကလည်း သူ့အမေပြောတာကို ထောကျခံလိုကျသည်။
"ခမ်းခမ်းနားနားကြီးတွေ လုပ်စရာမလိုပါဘူး"

ယင်မိသားစုက တုံထန်းနယ်မြေရဲ့ ထင်ပေါ်ကျော်ကြားသော မိသားစုကြီးတစ်ခုဖြစ်သော်လည်းဘဲ အိမ်တော်အတွင်းမှာတော့ အလွန်တန်ဖိုးကြီးသောအရာတွေနဲ့ ပြင်ဆင်မထား။ ရိုးရိုးရှင်းရှင်းလေးသာ ပြင်ဆင်ထားပေမဲ့လည်း ခန့်ညားပြီး အရှိန်အဝါတစ်မျိုးတော့ရှိနေသေး၏။ ကလေးတွေမှာ အိမ်တော်ထဲဝင်လိုက်တာနဲ့ အိမ်တော်ထဲက ပြင်းထန်တဲ့အရှိန်အဝါတွေကို ခံစားလိုက်ရပြီး တိတ်ဆိတ်ကျသွားတော့သည်။

လူတိုင်း သတိအပြည့်ဖြစ်နေတာကို တွေ့လိုက်ရတာကြောင့် ယင်သခင်မကြီးက ယင်ထောင်ကို ပြောလိုက်သည်။
"ချယ်ရီသီးလေး.. ဒါကလည်း သားနဲ့ သားညီလေးတွေရဲ့ အိမ်ဘဲလေ.. ရုန်အိမ်တော်မှာတုန်းကလိုဘဲ သားတို့စိတ်တိုင်းကျ ဆော့ကစားလို့ရပါတယ်.. ဟုတ်ပြီလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now