ကျွန်တော်ခက်ခက်ခဲခဲနဲ့ ရှာထားရတဲ့ သူ့ရဲ့တည်ရှိမှု အနည်းအကျဉ်းလောက်လေး ကျန်ရှိနေသေးတဲ့ ဓာတ်ပုံတစ်ပုံကို ယူလာပြီး ထပ်ခါတလဲလဲ စိုက်ကြည့်နေမိတယ်။ ကြည့်မိချိန်တိုင်းမှာ ကျွန်တော့်နှလုံးသားက တွန့်ခေါက်သွားသလိုဖြစ်ရပေမယ့် ဒီလိုနာကျင်မှုကိုမှ စွဲလမ်းနေသလိုမျိုး ကျွန်တော် ဆက်ကြည့်နေမိတယ်။

နှစ်သစ်ကူးနေ့မှာ ဆယ်နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် တစ်ယောက်တည်း ဖြစ်နေခဲ့တယ်။

ရှောင်ဟန်းဘက်ကနေ ကျွန်တော့်ကို အရင်စပြီး ဆက်သွယ်လိမ့်မယ်လို့လည်း ဆက်ပြီး မမျှော်လင့်ရဲတော့ဘူး။

ကျွန်တော့်ကိုယ်ကျွန်တော် အားတင်းကာ ဖန်းရှဲ့ယိကို ဖုန်းခေါ်လိုက်တယ်။ အခုချိန် ရှောင်ဟန်းကတော့ သူ့နေရာမှာ သေချာပေါက်ရှိနေမှာပဲလို့ ကျွန်တော် ခံစားမိတယ်။

ဘယ်ကထွက်လာမှန်းမသိတဲ့ ဒီလူနဲ့ ကျွန်တော် ဘယ်တုန်းကမှ မျက်လုံးချင်းမဆုံခဲ့ဖူးဘူး _ သူက ရှောင်ဟန်းလိုမျိုး လုံးဝမဟုတ်ဘူး ပြီးတော့ သူက ရှောင်ဟန်းအကြောင်း ဘာမှ နားလည်တာတောင်မဟုတ်ဘူး အဲ့တာတောင်မှ သူ့ကိုယ်သူ စိတ်ကြီးဝင်ပြီး ရှောင်ဟန်းရဲ့အစ်ကိုဆိုပြီး ပြောရဲသေးတယ်။

သူ့ရဲ့ သွေးနှောညီငယ်လေးကို ကြည့်နေချိန်ဆို သူ့မျက်လုံးတွေက အဓိပ္ပါယ်ကောက်ယူလို့မရတာတွေနဲ့ ဖိတ်လျှမ်းနေပြီး သူ့သဘောထားက ကျွန်တော့်အပေါ်မှာဆိုရင်တော့ အချစ်ပြိုင်ဘက်တစ်ယောက်လိုမျိုး ဖြစ်နေတယ်။ သူ့ရဲ့ကောက်ကျစ်ယုတ်မာသလိုအပြုံးနောက်ကွယ်မှာ ဘယ်လိုဖောက်လွဲဖောက်ပြန်ရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ ကောင်းကင်ဘုံကပဲ သိလောက်မယ်။

ဒါပေမယ့်အခုချိန်မှာ စကားလေးတစ်ခွန်းပဲဆိုရင်တောင်မှ ရှောင်ဟန်းရဲ့အသံကို ကြားချင်မိတယ်။

ဒီလောက်အချိန်အကြာကြီး လျစ်လျူရှုခံရတော့ ကျွန်တော့်မှာ မကျေနပ်မှုတွေက သည်းမခံနိုင်လောက်အောင် ဖြစ်လာပြီး ကျွန်တော့်ရဲ့တည်ရှိမှုကို သူ လုံးလုံးကြီးမေ့သွားတာမျိုး မဖြစ်စေချင်ဘူး။

Like Love But Not [ ဘာသာပြန် ]Où les histoires vivent. Découvrez maintenant