မဟုတ်မှ ဒါက 'ပါဝင်ပက်သက်နေတဲ့သူတွေထက် ဘေးကကြည့်တဲ့သူက ကိစ္စတွေကိုပိုပြီး ရှင်းရှင်းလင်းလင်းမြင်တယ်'ဆိုတာမျိုးလား?

ဟိုးတုန်းကတည်းက ကျွန်တော် ကို့ယို့ကားယားနဲ့ ကိုယ့်ကိုယ်ကို လိမ်ညာဖို့ကြိုးစားနေခဲ့တာတွေကို ရှမင်ရှု ဘယ်လောက်တောင် တွေ့ပြီးခဲ့ပြီလဲ ပြီးတော့ အဲ့တာကို သတိမထားမိခဲ့တာ ကျွန်တော်ပဲရှိတာလား?

ထိုအချိန်က စာချုပ်ကုန်ဆုံးဖို့ နီးကပ်လာတာနဲ့အမျှ ကျွန်တော် ရှင်းမပြနိုင်အောင် ကသိကအောက်ဖြစ်ခဲ့ရပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ ဘာကြောင့်မှန်း နားမလည်ခဲ့ဘူး။

ကျွန်တော် သူ့ကို အိပ်ရာပေါ် ပစ်တင်လိုက်တဲ့အခါ သူက သူ့ရဲ့ကံကြမ္မာကို ကြိတ်မှိတ်လက်ခံလိုက်သလိုမျိုး သူ့မျက်လုံးတွေက အရေးနိမ့်ခြင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျွန်တော်က သူ့ကို နည်းနည်းလေးတောင် မညင်သာခဲ့ဘဲ သူ အံကိုကြိတ်ထားရတဲ့အထိ နာကျင်နေတာတောင်မှ သူက ကျွန်တော့်ကို အနိုင်ကျင့်ခွင့် ဆက်ပြုထားတယ်။ ပြီးတော့ သူ့ဆီမှာ ဒီလိုပုံစံမျိုးကို ကျွန်တော်မြင်လိုက်ရတဲ့အချိန်တိုင်းမှာ ပိုတောင် ဒေါသထွက်လာသလိုခံစားရတယ်။

အခုချိန် ပြန်တွေးကြည့်လိုက်တော့မှ ကျွန်တော့်ရဲ့ဒေါသက အလွန်တရာကလေးဆန်တယ်ဆိုတာ သတိပြုမိလာတယ် _ သူက အပြစ်တစ်ခုလုပ်ထားလို့ အပြစ်ပေးတာကို လက်ခံနေရသလို ပုံစံမျိုးဖြစ်နေတာကို ကျွန်တော် မုန်းတာဖြစ်တယ်။

သူ အဲ့လိုဖြစ်နေတာကို ကျွန်တော် သဘောမကျဘူး။ ကျွန်တော့်နှလုံးသားထဲမှာ မျှော်လင့်မိတာက သူကျွန်တော့်ကို ကျွန်တော့်စိတ်တိုင်းကျ ဘာပဲဖြစ်ဖြစ်လုပ်ခွင့်ပြုထားတယ်ဆိုတာ သူက အမှားလုပ်ထားတာကြောင့် ဒါမှမဟုတ် သူက ကျွန်တော့်အပေါ် အကြွေးတင်နေတာကြောင့်မဟုတ်ဘဲ ဘာကြောင့်လဲဆို၊ ဘာကြောင့်ဆို...

ကျွန်တော်က တကယ့်ကို တရားလွန်တုံးအခဲ့တယ်။ သူ ကျွန်တော့်ကို အမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုတာ ကျွန်တော်သိသိကြီးနဲ့ ဘာကြောင့် အဲ့လိုအဓိပ္ပါယ်မရှိတဲ့အရာတွေအပေါ် အတင်းအကျပ် အာရုံစိုက်နေခဲ့ရတာလဲ။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now