အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း

Mulai dari awal
                                    

အမှန်တရားဂိုဏ်းသားများကြားရန်
ရည်ရွယ်သည့် ထိုသတင်းစကားနှစ်ခုအရ
ဝမ်ရန်အယ်ဟာကောင်းကင်လောင်ကျွမ်းစည်ကိုယူ‌ဆောင်၍စွမ်းအင်တားဆီး
အစီအရင်ကိုအမြန်ဆုံးချိုးဖျက်ရန်အတွက်ထိုအစီအရင်ရှိရာသို့ဦးတည်သွားသင့်သည်။

အစီအရင်သို့သွားရာလမ်း၌
အလစ်တိုက်ခိုက်ရန် ထိပ်တန်းကျင့်ကြံသူ
များစွာစောင့်ဆိုင်းနေမှာဖြစ်သည်။

ကျေနပ်သွားသည့် ဝမ်ရန်အယ်ဟာ
"လွန်ခဲ့တဲ့ခြောက်လက ဒီအရှင်က
မိုင်ထောင်ချီရေခဲလွင်ပြင်မှာ လေလွင့်
မသေမျိုးတစ်ယောက်နဲ့ ရင်ဆိုင်
တိုက်ခဲ့တယ်။သူဟာ ငါ့ထက်ကျင့်ကြံဆင့်မြင့်တယ်ဆိုပေမဲ့သူနဲ့တိုက်ခိုက်ရတာ
ငါ့ရဲ့ကျင့်ကြံဆင့်တိုးတက်မလာဘူး။
သာမန်တိုက်ပွဲတွေက ငါ့ရဲ့ကျင့်ကြံဆင့်တိုးတက်လာအောင် ပံ့ပိုးပေးနိုင်စွမ်း
မရှိတော့ဘူး။အမှန်တရားဂိုဏ်းတွေ
စုပေါင်းထားတဲ့ အင်အားစုက
ငါ့ကိုစိတ်ပျက်အောင်မလုပ်ဖို့
မျှော်လင့်တယ်။"ဟုပြောလိုက်သည်။

သူဟာအဖြူရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး မျက်စိကျိန်းလောက်သည့်အလျင်ဖြင့်အစီအရင်ရှိရာသို့
ဦးတည်သွား၏။

ယင်ဟန်ကျန်းဟာ ဓားပျံစီးရင်း
လိုက်သော်ငြား ဝမ်ရန်အယ်၏
အရှိန်ကိုမမီပေ။

ယခင်က ဝမ်ရန်အယ်ဟာအရှိန်လျော့၍
ယင်ဟန်ကျန်းကိုစောင့်သည်။သို့သော်
ယခုအကြိမ်တွင်တော့မစောင့်ပေ။
ယင်ဟန်ကျန်း၏ဓားထက် အလင်းတန်းဟာအကြိမ်ပေါင်းများစွာပို၍လျင်မြန်၏။

ဟင်းလင်းပြင်နယ်နိမိတ်သို့
ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း
ကောင်းကင်လောင်ကျွမ်းစည်ပေါ်၌
ယခင်ထက်ပိုအဆင့်မြင့်သည့်
ဓားနိုးထလာအောင်လုပ်နိုင်ခဲ့သော်လည်းပဲ
ယင်ဟန်ကျန်းဟာ သူ၏အရှင်ကို
လိုက်မမီနိုင်သေးပေ။

ယင်ဟန်ကျန်း ဝမ်ရန်အယ်ကိုလိုက်မီသည့်အချိန်တွင်တော့ မဟာယနာအဆင့်များစွာနှင့်ထိုအဆင့်အထက်ကျင့်ကြံသူများ၏
အစီအရင်၌ ဝမ်ရန်အယ်ပိတ်မိနေပြီဖြစ်သည်။

ထိုဖြစ်ရပ်ကိုတွေ့သွားသည့်
ယင်ဟန်ကျန်း၏မျက်လုံးတွင်
ဒေါသမီးတောက်လောင်လာပြီး
စွမ်းအင်အရင်းအမြစ်ကိုထုတ်သုံး၍
အရှင့်ဘေး၌အတူတူတိုက်ပွဲဝင်ရန်
အစီအရင်ထံသို့ပြေးဝင်ဖို့ဟန်ပြင်လိုက်၏။

Devil Venerable Also Wants To Know(mm tran)Tempat cerita menjadi hidup. Temukan sekarang