နားဆွဲကိုလည်း ကုမ္ပဏီအပြင်က လူလုပ်ရေကန်ထဲကို ပစ်ခဲ့လိုက်တယ်။ 'ရှောင်ဟန်းရဲ့ပိုင်ဆိုင်မှု'လို့ ပြောနေတဲ့အမှတ်အသားတွေအားလုံးကို သေသေသပ်သပ် ဖယ်ရှားလိုက်ပြီးသလို ခံစားလိုက်ရတယ်။

နောက်ဆုံးတော့ ကျွန်တော့်ဘဝကြီး အေးချမ်းလာပြီး ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးမယ့်လူ တစ်ယောက်မှ မရှိတော့ဘူး။

ရှမင်ရှု ပြောင်းလာချိန်မှာ သူနဲ့အတူ ပစ္စည်းအနည်းအကျဉ်းသာပါတယ်။ ကျွန်တော် သူ့ကိုဆွဲကာ တခြားဟာတွေထပ်သွားဝယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူက ခေါင်းသာယမ်းခဲ့တယ်။

"မဝယ်ဘဲထားရအောင်၊ တစ်နေ့ ခင်ဗျား ကျွန်တော့်ကို မောင်းထုတ်ခဲ့ရင် ခင်ဗျားကို ကျွန်တော် ဒုက္ခမများစေချင်ဘူး"

ထိုအချိန်တုန်းက ကျွန်တော် အတော်ဒေါသထွက်သွားခဲ့တယ်။ ကျွန်တော် သူ့ကိုမေးလိုက်တယ် "အဲ့တာ ဘာကိုဆိုလိုချင်တာလဲ? ဒါမှမဟုတ် မင်းက ကိုယ်နဲ့မနေချင်လို့ ဆင်ခြေတစ်ခု ရှာနေတာလား?"

ရှမင်ရှုရဲ့အမူအယာက အရမ်းရှုပ်ထွေးနေတယ်။ သူ မျက်လွှာချပြီး ခါးသက်သက်တစ်ချက် ရယ်လာတယ်။

"လော့ယွီချန် ခင်ဗျားအတွက်၊ သူနဲ့ ကျွန်တော်က... မတူဘူး"

"ပြီးတော့ အဲ့လိုကျွန်တော်တို့က မတူတာကြောင့် ကျွန်တော်တို့က အမြဲတမ်း ကွဲပြားနေမှာပဲ၊ အဲ့တာကို ကျွန်တော် စိတ်ပူတယ်"

ခုလက်ရှိရှမင်ရှုကို ကျွန်တော် တကယ်နားမလည်ဘူး။

အရင်ကဆို သူ့ရဲ့တွေးခေါ်ပုံက အမြဲတမ်း သမာရိုးကျရှိပြီး ရှောင်ဟန်းလိုမျိုး ကျွန်တော့်ကို နားဝေတိမ်တောင်ဖြစ်အောင် ဘယ်တုန်းကမှမလုပ်ဘူး။ ဒါပေမယ့် အခက်အခဲတွေအများကြီး ကျော်ဖြတ်လာပြီးတဲ့နောက် အခု ကျွန်တော်တို့ အတူတူနေလို့ရလာတဲ့အခါမှာ တကယ်ကြီး ဘာအကြောင်းပြချက်မှမရှိ ရှောင်ဟန်းအကြောင်းကိုပဲ ဆက်တိုက်ပြောနေတော့တယ်။ သူဘာတွေ တွေးနေမှန်း ကျွန်တော် နားမလည်တော့ဘူး။

မသိရင်ပဲ အဲ့လူက ကျွန်တော့်အတွက် ထူးထူးခြားခြား အရေးပါနေသလိုလို ဘာလိုလို။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now