Part 2(U+Z)

6.7K 593 32
                                    

~Unicode~

ရိပေါ်တစ်ယောက်ရှောင်းကျန့်သူ့စက်ရုပ်ကလေးကိုငေးကြည့်နေတာကိုသိလိုက်ရသည်။စက်ရုပ်လေးကိုကြည့်နေတဲ့ရှောင်းကျန့်ရဲ့မျက်ဝန်းတွေကမျက်မှန်ခံနေတာတောင်ကြည်ကြည်တောက်တောက်ကလေးဖြစ်နေမှန်းရိပေါ်သိလိုက်သည်။

"လိုချင်လားးး"

"ဟင်...."

ရှောင်းကျန့်ဟာသူ့ရှေ့ကိုအရုပ်ထိုးပေးကာ လိုချင်လား ဟုမေးလာတဲ့ရိပေါ်ကြောင့်ကြောင်အနေမိသည်။

"လိုချင်လားလို့!!!"

ရိပေါ်ကစိတ်မရှည်သလိုပြောလာတဲ့အခါရှောင်းကျန့်ဟာခေါင်းကိုဖြေးညှင်းစွာခါပြလိုက်မိသည်။

"ဟင့်အင်းးး"

ရှောင်းကျန့်ရဲ့အဖြေကြောင့်ရိပေါ်မျက်မှောင်ကျုံ့သွားရသည်။ရှောင်းကျန့်ရဲ့မျက်ဝန်းထဲမှာလိုချင်နေတဲ့အကြည့်တွေကိုသူတကယ်မြင်လိုက်ရတာပါ...

"အရုပ်ကလေးကို ခနကိုင်ကြည့်ချင်လို့ ရလားဟင်"

"ရော့"

ရိပေါ်ဆီကခွင့်ပြုချက်ရသည်နှင့်အရုပ်ကလေးကိုရတနာတစ်ပါးလိုသေသေချာချာလေးကိုင်ကြည့်နေတဲ့ရှောင်းကျန့်....

တကယ်ဆိုရင်ရှောင်းကျန့်လည်းဒီအရုပ်ကလေးကိုလိုချင်မိပါသည်...ဒါပေမယ့်မာမားကသင်ပေးထားတယ်...သူတစ်ပါးဥစ္စာကိုအလကားမယူရဘူးတဲ့...ဝယ်ဖို့ကြတော့လည်းပိုက်ဆံမရှိတာမို့ ခနလေးကိုင်ကြည့်ရရင်ပဲတော်ပါပြီလေ...

"ရိပေါ်...ရှောင်းကျန့်ကိုင်လိုက်လို့နင့်စက်ရုပ်ကလေးပျက်သွားရင်ဘယ်လိုလုပ်မလဲ...သူကပြန်လျော်နိုင်မှာမဟုတ်ဘူးနော်"

ဂါဝန်ပန်းရောင်လေးနဲ့ကျစ်ဆံမီးလေးကျစ်ထားတဲ့ဖန်းအာကဆိုသည်။

ရှောင်းကျန့်ခင်ဗျာ အရုပ်ကလေးကိုတောင်ဆက်မကိုင်ထားရဲတော့...တကယ်လို့ဖန်းအာပြောသလိုပျက်သွားရင် သူ့မှာလျော်ဖို့ပိုက်ဆံရှိတာမဟုတ်ဘူးလေ...

"ရိပေါ်...ရော့...ငါမကိုင်တော့ပါဘူး"

အရုပ်ကလေးပြန်ပေးလာတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်အလိုမကျသလိုမျက်နှာဖြစ်သွားသည်။

My Ugly Boy [Completed]Where stories live. Discover now