"မောင်နော်.."

"ဟဟ..ကလေးလဲမဟုတ်ပဲ ငိုနေတယ်"

"မရယ်နဲ့လို့.."

"ဟုတ်ပါပြီဗျာ..အခုတော့ မနက်စာစားရအောင်.."

"အင်း.."

သူရှေ့၌ ဟင်းချိုပန်းကန်လာချပေး၍မောင်က ၀င်ထိုင်လေသည်။ သူသည်လဲ ဗိုက်ဆာနေပြီဖြစ်တာကြောင့် အရှေ့ကအစားကိုသာ ရန်ရှာပြီးစားနေလိုက်သည်။

"ဖုန်းလာတယ်..မောင်သွားကိုင်လိုက်ဦးမယ်.."

"အွန်းအွန်းး"

အစားကိုပလုတ်ပလောင်းစားနေသည့်ဂျွန့်ကြောင့် သူ့မှာအသဲတယားယားဖြင့် ထွက်သွားရ၏။

ထမင်းတို့ကော ဟင်းတို့ကော ကုန်သွားလေပြီ။ သို့သော် မောင်ကတော့အပေါ်ကနေဆင်းမလာသေး‌ပေ။သူလဲ ပန်းကန်တွေအားဆေးနေလိုက်သည်။ ပန်းကန်တွေဆေးနေရင်းမောင်သည် အောက်သို့ဆင်းလာ၍ ထမင်းစားဝိုင်း၌ထိုင်နေသည်။ သို့သော် ခုနကဲ့သို့ ပျော်ရွှင်နေသော မျက်နှာတော့မဟုတ်။

သူလဲ လက်ကရေတွေကို အ၀တ်နှင့်သုတ်ပြီးမောင့်ဘေးသို့၀င်ထိုင်လိုက်သည်။

"‌ဘာလို့လဲဟင်မောင်..မျက်နှာလဲမကောင်းပါလား.."

"ဂျွန်.."

"အွန်း..ဘာလို့လဲ.."

"မောင်တို့ဒီနေ့ညနေပြန်ရမယ်..ညနေကျရုပ်ရှင်ပွဲရှိတယ်..မောင့်ဇာတ်ကားတင်မှာ.."

"ဒါမဲ့..ငါတို့တစ်ပါတ်နေမယ်ပြောထားတယ်လေ.."

"ဂျွန်ရယ်မောင်လဲမပြန်ချင်ပါဘူး..ဒါမဲ့အခုဟာက အရေးကြီးတယ်လေ.."

မောင့်စကားတို့ကြောင့် သူစိတ်တို့အလိုမကျတော့။ မဟုတ်ဘူး။အလိုမကျတာမဟုတ်ဘူး။အမြဲအလုပ်နဲ့ယှဉ်လာရင် သူ့ကိုဦးစားမပေးတာကို မကြိုက်တာ။

"အင်းပါ..ပြန်ကြတာပေါ့..မောင့်အလုပ်က အရေးကြီးနေတာပဲကို.."

"စိတ်မခုစေချင်ဘူးနော်ဂျွန်.."

"ငါစိတ်ခုတယ်လို့‌မပြောပါဘူး..မောင်ပြန်မယ်ဆို အဖွားကိုဖုန်းဆက်လိုက်တော့မယ်.."

စကားလမ်းကြောင်းလွှဲပြီး အပေါ်ထပ်ကိုတက်ခဲ့လိုက်သည်။ အ၀တ်လှဲခန်းထဲ၌ဖုန်းလေးယူ၍ ထိုင်နေမိသည်။ တံခါးအားလဲ လော့ချထားမိသေးသည်။

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now