အံ့ဩသွားတာကြောင့်လား၊ သူဘာသာ
တစ်ခုခုကိုစဥ်းစား‌နေ လို့လားမသိဘူး။
တစ်ချက်တော့ ငေးကနဲ ဖြစ်သွားတယ်။
တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသလို
ပူပင်မူ့တွေလည်း မျက်နှာမှာ ထင်ဟပ်နေပါတယ်။

"မိန်းကလေးက အစ်ကို့အပေါ် မေတ္တာသက်ဝင်နေတယ်ဆိုရင် ညီတို့ ဘယ်လိုလုပ်ကြမလဲ အစ်ကို "

ညီ့ပခုံးကို တင်းတင်းဆုပ်ကိုင်ပြီးသူ့မျက်လုံးကို ဆုံအောင်ကြည့်လိုက်တယ်။သူလည်း ကျွန်တော့်ကို အသေအချာပြန်ကြည့်ပါတယ်။

"ဆိုလေးက ကိုယ်ငယ်ငယ်လေးထဲက
ထိန်းကျောင်းလာတဲ့ ကိုယ့်ညီမပါ၊သူ
အစ်ကို့ အပေါ်မှာ နားလည်ပေးလိမ့်မယ်
လို့ အစ်ကို ယုံတယ်၊အဲ့အစားအစ်ကို သူ့ကို အစ်ကို့ ညီမလေးအရင်းလိုမျိုး တစ်သက်လုံးစောင့်ရှောက်ပေးသွားပါ့မယ်၊တစ်သက်မှာတစ်ခါလောက်တော့
ကိုယ့်နှလုံးသားအတွက် ကိုယ်တွေးရအောင်ညီရယ်"

ခပ်ဖျော့ဖျော့လေး ပြုံးပြီး ပါးပြင်ကိုသာ
တစ်ချက်နမ်းသွားတဲ့ ညီက
ကျွန်တော့ ဆုံးဖြက်ချက်ကို
မှားတယ်လည်းမပြော၊မှန်တယ်လို့လည်း
မထောက်ခံ၊ခေါင်းမယမ်းခဲ့သလို
ခေါင်းလည်း မငြိမ့်ခဲ့ဘူး။

"ဒါနဲ့လေ ထယ်နိုးလာရင်
သူ့ကို အပြင်ခဏ ခေါ်ထုတ်သွားပေးပါလား"

"ဘာလို့ "

"သူ့အတွက်မွေးနေ့လက်ဆောင် စီစဉ်ထားချင်လို့"

"ဘာလက်ဆောင်များလဲ ညီ"

"ခွေးလေး တစ်ကောင်လောက်ဝယ်ပေးမလားလို့ပါ၊
သူက ခွေးချစ်တော့လေ "

"ကောင်းပါပြီ "

***
လေးယောက်လုံး မနက်စာစားပြီးတော့
ထယ်က
ရေသန့်တွေ Date လွန်၊မလွန် လိုက်စစ်ပေးတယ်။
ဂျောင်ကုကတော့ ထပ်ခိုးမှာ စာကျက်နေလေရဲ့။
အခုထိ မွေးနေ့ အကြောင်းကိုဘယ်သူကမှဘာတစ်ခွန်းမှ ထုတ်မပြောဖြစ်ကြဘူး။ကာယကံရှင် ကိုယ်တိုင်တောင်မှ
မွေးနေ့ကိုသတိထားမိရဲ့လားမသိပါဘူး။

ထယ့်ကို ဘယ်လိုပြောပြီး အပြင်ခေါ်ထုတ်ရပါ့မလဲ
တွေးနေတုန်း
စင်အမြင့် ပေါ်မှာ ရှိနေတဲ့ ရေသန့်တစ်ကတ်ဟာ
ထယ့်အပေါ်ပြုတ်ကျလာခဲ့တယ်။ရှောင်နိုင်ခဲ့ပေမယ့် စနေသားဟာ လန့်သွားပုံရပါတယ်။
ရင်ဘက်ကို ဖိပြီး မျက်နှာဟာ ဖြူဖျော့သွား‌ခဲ့တယ်။

Anchor in the heartWhere stories live. Discover now